- January 10, 2022
- World Wide Myanmar
- 0 Comments
- 2882 Views
- 0 Likes
- NEWS & EVENTS
စတီယာတိုင်(Steering wheel) ပြဿနာတွေ ဘာကြောင့် ဖြစ်တာလဲ
စတီယာတိုင် အလုပ်ကောင်းကောင်းမလုပ်တဲ့အခါ ကားမောင်းရတာအတော်ခက်ခဲသလို အသက်အန္တရာယ်လည်း ရှိနိုင်ပါတယ်။
ဒီလိုတွေမဖြစ်စေဖို့ ဘာကြောင့် စတီယာတိုင်ပြဿနာတွေ “ဖြစ်ပေါ်လာလဲ”နဲ့ “ဘယ်လိုသိနိုင်မလဲ”ဆိုတာကို မျှဝေပေးချင်ပါတယ်။
💡ဘာကြောင့်ဖြစ်တာလဲ
🔶Power steering pump
စတီယာပန့်က သင့်တော်တဲ့ဖိအားထုတ်ပေးပြီး စတီယာတိုင်ကို သက်သာချောမွေ့စွာ လှည့်လို့ရစေပါတယ်။
စတီယာပန့်က သေချာအလုပ်မလုပ်တဲ့အခါ စတီယာတိုင်လှည့်ရတာ ပိုခက်ခဲစေပါတယ်။
🔶Tier pressure
မမှန်ကန်တဲ့ တာယာဖိအားတွေကလည်း စတီယာတိုင်လှည့်ရတာ ခက်ခဲစေပါတယ်။ ဖိအားနည်းတဲ့အခါ ပိုတောင်အားစိုက်လှည့်ရပါတယ်။
🔶Power steering fluid
စတီယာတိုင်ကို အေးအေးဆေးဆေးလှည့်လို့ရစေတာ စတီယာချောဆီကြောင့်လည်း ပါပါတယ်။ ပါဝါဆီနည်းနေတာကတော့ စတီယာတိုင်ပြဿနာထဲမှာ အဖြစ်အများဆုံးပါပဲ။
🔶Steering rack
Steering wheel နဲ့ steering rack ကို အစိတ်အပိုင်းအများကြီးနဲ့ ဆက်ထားတာပါ။
နေ့စဉ်မောင်းနှင်ခြင်းဟာ အထဲက ဂျွိုင့်တွေ၊ပြွန်တွေကို မြန်မြန်ပိုပြီး ထိခိုက်စေပါတယ်။
ကြာလာတာနဲ့အမျှ စတီယာတိုင်လှည့်ရတာ ပိုကျပ်စေပါတယ်။
💡ဘယ်လိုသိနိုင်မလဲ
▪️စတီယာဝှီးက တစ်ဖက်တည်းကပ်နေတာ
▪️လှည့်တဲ့အချိန်မှာ အသံဆူဆူတွေ ထွက်လာတာ
▪️vibration(တုန်ခါမှု)တွေဖြစ်လာတာ
▪️လှည့်တဲ့အခါ ခပ်လျော့လျော့ ဖြစ်နေတာ
▪️မောင်းနေတဲ့အချိန်မှာ ကွေ့ဖို့ ခက်ခဲနေတာ
စတဲ့အချက်တွေက စတီယာတိုင်(steering wheel)မှာ ပြဿနာရှိနေမှန်း သိစေပါလိမ့်မယ်။
မောင်းနှင်နေရင်းနဲ့မှ သိရတဲ့အခါ လမ်းဘေးချရပ်ရပြီး အခြားအလုပ်တွေ နှောင့်နှေးရတာမျိုး မဖြစ်ရလေအောင် ကားကျန်းမာရေးကို မှန်မှန်စစ်ဆေးဖို့တော့ အကြံပြုလိုပါတယ်။
လူကြီးမင်းတို့အားလုံး ယာဉ်အန္တရာယ်ကင်းဝေး ဘေးရှင်းကြပါစေ။🙏🙏
မြန်မာထူးစံရဲ့ မိတ်ဟောင်းမိတ်သစ် Customer ကြီးများလည်း ယခုဖြစ်ပေါ်နေသောရောဂါဆိုးကြီးမှ ကင်းဝေးကြပါစေလို့ ဆုတောင်းမေတ္တာပို့သအပ်ပါတယ်ခင်ဗျာ🙏🙏🙏
Myanmar Htoo San Co.,Ltd
( HOTLINE )
Yangon – 09448005151 / 09448005353 / 09448005757
MDY – 09258669940/ 09258669920/ 09765112488