- January 10, 2022
- World Wide Myanmar
- 0 Comments
- 1333 Views
- 0 Likes
- NEWS & EVENTS
ကားမီးတွေ ဘာကြောင့်ပျက်တာလဲ
ကားမီးတွေ ဘာကြောင့်ပျက်လဲ မပြောခင်မှာ ကားတစ်စီးမှာ အနည်းဆုံးကားမီးဘယ်နှမျိုးပါတယ်ထင်ပါသလဲ 🤔
မသိသေးဘူးဆိုရင်တော့ ကျွန်တော်နဲ့အတူ ရေတွက်ကြည့်ရအောင်
◾️Head lights(ရှေ့မီးတစ်စုံ)
◾️Brake lights(ဘရိတ်မီးတစ်စုံ)
◾️Tail lights(နောက်မီးတစ်စုံ)
◾️Fog lights(၂လုံးမှ ၄လုံး)
◾️Turn signals(ကွေ့အချက်ပြမီးရှေ့/နောက်၂စုံ)
◾️Reverse lights(နောက်ဆုတ်အချက်ပြမီးတစ်စုံ)
◾️Parking lights(၂လုံးမှ၄လုံးအထိ)
◾️License plate lights(လိုင်စင်ပြားပြမီး)
◾️Hazard lights(အရေးပေါ်မီး၂စုံ)
ဆိုပြီး ကားအများစုမှာပါတတ်ပါတယ်။
Fog lights တွေကတော့ ကားတိုင်းမှာ မပါတာကြောင့် သာမန်ကားတစ်စီးဟာ အနည်းဆုံး ကားမီး ၁၉လုံးကနေ အများဆုံး ၂၅လုံးကျော်နီးပါး ပါရှိကြပါတယ်။
⚠️ကားမီးတွေ သေချာအလုပ်မလုပ်တော့ရင် ဘယ်လိုသိနိုင်မလဲ
▫️Low-beam, high-beam နဲ့ tailight တွေ တစ်ခုခု မီးမလင်းတော့တာ
▫️Low-beam, high-beam နဲ့ tailight တွေ တစ်ခုမှကို မီးမလင်းတော့တာ
▫️ကွေ့မီးအချက်ပြတဲ့အခါ တစ်ဖက်ဖက်က မလင်းတော့တာ
▫️ကွေ့မီးအချက်ပြတဲ့အခါ နှေးနေတာ
▫️မီးတော့လင်းပေမဲ့ မှိန်နေတာ
▫️မှိတ်တုတ်မှိတ်တုတ် ဖြစ်နေတာ
▫️တစ်လုံးမှကို မလင်းတော့တာ
ဆိုတဲ့အချက်တွေကနေ သိနိုင်ပါတယ်။
⚠️ဘာကြောင့် ကားမီးတွေ အလုပ်မလုပ်တော့တာလဲ
▫️မီးသီးတွေ ကျွမ်းကုန်တာ
▫️တိုက်စားမှုတွေကြောင့် ဖြစ်တာ
▫️ဝါယာကြိုးတွေ လွတ်နေတာ
▫️စက်မကောင်းတာ
▫️လျှပ်စီးကြောင်းတွေ လွတ်နေ၊ပြတ်တောက်နေတာ
▫️ခလုတ်တို့၊ relayတို့ မကောင်းတော့တာ
စတာတွေကြောင့်ပဲ ဖြစ်ပါတယ်။
ကားမီးအများစုဟာ အချက်ပြမီးတွေဖြစ်တာနဲ့အညီ အရေးပါမှုက မရှိမဖြစ်ပါပဲ။
ကားမီးတွေ အလုပ်မလုပ်တဲ့အခါ အဆင်မပြေရုံသာမက ယာဉ်အန္တရာယ်လည်း စိုးရိမ်ရတာကြောင့် မမောင်းနှင်ခင်တိုင်းမှာ မိမိကားအခြေအနေကို မှန်မှန်စစ်ဆေးဖို့တော့ အကြံပြုလိုပါတယ်။
လူကြီးမင်းတို့အားလုံး ယာဉ်အန္တရာယ်ကင်းဝေး ဘေးရှင်းကြပါစေ
မြန်မာထူးစံရဲ့ မိတ်ဟောင်းမိတ်သစ် Customer ကြီးများလည်း ယခုဖြစ်ပေါ်နေသောရောဂါဆိုးကြီးမှ ကင်းဝေးကြပါစေလို့ ဆုတောင်းမေတ္တာပို့သအပ်ပါတယ်ခင်ဗျာ🙏🙏🙏
Forland Motors
( HOTLINE )
Yangon – 09448005151 / 09448005353 / 09448005757
MDY – 09258669940/ 09258669920/ 09765112488