ကားမီးတွေ ဘာကြောင့်ပျက်တာလဲ
ကားမီးတွေ ဘာကြောင့်ပျက်လဲ မပြောခင်မှာ ကားတစ်စီးမှာ အနည်းဆုံးကားမီးဘယ်နှမျိုးပါတယ်ထင်ပါသလဲ 🤔 မသိသေးဘူးဆိုရင်တော့ ကျွန်တော်နဲ့အတူ ရေတွက်ကြည့်ရအောင် ◾️Head lights(ရှေ့မီးတစ်စုံ) ◾️Brake lights(ဘရိတ်မီးတစ်စုံ) ◾️Tail lights(နောက်မီးတစ်စုံ) ◾️Fog lights(၂လုံးမှ ၄လုံး) ◾️Turn signals(ကွေ့အချက်ပြမီးရှေ့/နောက်၂စုံ) ◾️Reverse lights(နောက်ဆုတ်အချက်ပြမီးတစ်စုံ) ◾️Parking lights(၂လုံးမှ၄လုံးအထိ) ◾️License plate lights(လိုင်စင်ပြားပြမီး) ◾️Hazard lights(အရေးပေါ်မီး၂စုံ) ဆိုပြီး ကားအများစုမှာပါတတ်ပါတယ်။ Fog lights တွေကတော့ ကားတိုင်းမှာ မပါတာကြောင့် သာမန်ကားတစ်စီးဟာ အနည်းဆုံး ကားမီး ၁၉လုံးကနေ အများဆုံး ၂၅လုံးကျော်နီးပါး ပါရှိကြပါတယ်။ ⚠️ကားမီးတွေ သေချာအလုပ်မလုပ်တော့ရင် ဘယ်လိုသိနိုင်မလဲ ▫️Low-beam, high-beam နဲ့ tailight တွေ တစ်ခုခု မီးမလင်းတော့တာ ▫️Low-beam, high-beam နဲ့ tailight တွေ တစ်ခုမှကို မီးမလင်းတော့တာ ▫️ကွေ့မီးအချက်ပြတဲ့အခါ တစ်ဖက်ဖက်က မလင်းတော့တာ ▫️ကွေ့မီးအချက်ပြတဲ့အခါ နှေးနေတာ ▫️မီးတော့လင်းပေမဲ့ မှိန်နေတာ ▫️မှိတ်တုတ်မှိတ်တုတ် ဖြစ်နေတာ ▫️တစ်လုံးမှကို […]
စတီယာတိုင်(Steering wheel) ပြဿနာတွေ ဘာကြောင့် ဖြစ်တာလဲ
စတီယာတိုင် အလုပ်ကောင်းကောင်းမလုပ်တဲ့အခါ ကားမောင်းရတာအတော်ခက်ခဲသလို အသက်အန္တရာယ်လည်း ရှိနိုင်ပါတယ်။ ဒီလိုတွေမဖြစ်စေဖို့ ဘာကြောင့် စတီယာတိုင်ပြဿနာတွေ “ဖြစ်ပေါ်လာလဲ”နဲ့ “ဘယ်လိုသိနိုင်မလဲ”ဆိုတာကို မျှဝေပေးချင်ပါတယ်။ 💡ဘာကြောင့်ဖြစ်တာလဲ 🔶Power steering pump စတီယာပန့်က သင့်တော်တဲ့ဖိအားထုတ်ပေးပြီး စတီယာတိုင်ကို သက်သာချောမွေ့စွာ လှည့်လို့ရစေပါတယ်။ စတီယာပန့်က သေချာအလုပ်မလုပ်တဲ့အခါ စတီယာတိုင်လှည့်ရတာ ပိုခက်ခဲစေပါတယ်။ 🔶Tier pressure မမှန်ကန်တဲ့ တာယာဖိအားတွေကလည်း စတီယာတိုင်လှည့်ရတာ ခက်ခဲစေပါတယ်။ ဖိအားနည်းတဲ့အခါ ပိုတောင်အားစိုက်လှည့်ရပါတယ်။ 🔶Power steering fluid စတီယာတိုင်ကို အေးအေးဆေးဆေးလှည့်လို့ရစေတာ စတီယာချောဆီကြောင့်လည်း ပါပါတယ်။ ပါဝါဆီနည်းနေတာကတော့ စတီယာတိုင်ပြဿနာထဲမှာ အဖြစ်အများဆုံးပါပဲ။ 🔶Steering rack Steering wheel နဲ့ steering rack ကို အစိတ်အပိုင်းအများကြီးနဲ့ ဆက်ထားတာပါ။ နေ့စဉ်မောင်းနှင်ခြင်းဟာ အထဲက ဂျွိုင့်တွေ၊ပြွန်တွေကို မြန်မြန်ပိုပြီး ထိခိုက်စေပါတယ်။ ကြာလာတာနဲ့အမျှ စတီယာတိုင်လှည့်ရတာ ပိုကျပ်စေပါတယ်။ 💡ဘယ်လိုသိနိုင်မလဲ ▪️စတီယာဝှီးက တစ်ဖက်တည်းကပ်နေတာ ▪️လှည့်တဲ့အချိန်မှာ အသံဆူဆူတွေ ထွက်လာတာ ▪️vibration(တုန်ခါမှု)တွေဖြစ်လာတာ ▪️လှည့်တဲ့အခါ ခပ်လျော့လျော့ ဖြစ်နေတာ […]