အာမခံအကျုံးဝင်တဲ့ Start Motorကို ပြန်လည်လဲလှယ်ပေးခြင်း ဝန်ဆောင်မှု
💁🏻♂️မြန်မာထူးစံမှ လုပ်ငန်းသုံးကားများကို အစဉ်တစိုက် ဝယ်ယူအားပေးခဲ့ကြသော လုပ်ငန်းရှင်လူကြီးမင်းတို့အတွက် ဝယ်ယူပြီးတဲ့အချိန်မှာလည်း အစစအရာရာ အဆင်ပြေချောမွေ့အောင် အာမခံအထူးအခွင့်အရေးတွေ ပေးထားပါတယ်ခင်ဗျာ။ 🔥မြန်မာထူးစံက ကားအစိတ်အပိုင်းတော်တော်များများအတွက် အာမခံတွေပေးထားပြီး အာမခံအကျုံးဝင်အောင် သတိပြုအသုံးချရမှာဖြစ်ပါတယ်။ 🌟ကားအစိတ်အပိုင်းများစွာထဲက အင်ဂျင်စတင်လည်ပတ်ဖို့ အလုပ်လုပ်ပေးတဲ့ Start Motor အတွက် အာမခံအကျုံးဝင်တဲ့အခါ ပေးမယ့်ဝန်ဆောင်မှုကိုရယူနိုင်ဖို့သတိထားရမယ့်အချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။ 🏻♂️❌စက်ပြင်ဆရာတွေကိုမပြဘဲ မိမိသဘောနဲ့ ဖြူးအမ်ပီယာမကိုက်ညီသော ပစ္စည်းထည့်သုံးတာမျိုးတွေ၊ကြိုးမှားတပ်ဆင်မိတာတွေ၊လူကြီးမင်းတို့ရဲ့ မတော်တဆပြုမူမှုကြောင့် Start Motရေဝင်တာတွေဖြစ်ခဲ့ရင်တော့ အာမခံအကျုံးဝင်မှာမဟုတ်ပါဘူး။ ✅အာမခံအကျုံးဝင်တဲ့ Start Motor Errorတွေကတော့ ▪️အမ်မချာတုံးနှင့်ဖီးကွိုင်တို့ အထိုင်မကျခြင်းကြောင့်ဖြစ်ပေါ်လာသော ပျက်စီးမှု၊ပူလီအပ်ရာပါခြင်း၊ပန်ကာကျိုးနေခြင်း၊ ▪️ ကာဗွန်ခဲကြောင့်ဖြစ်ပေါ်လာသော ပျက်စီးမှုများ၊ ▪️ ဘောဆီငတ်ခြင်းစတာတွေဖြစ်ပြီး အာမခံအကျုံးဝင်တဲ့အချက်တွေသာ လိုက်နာထားမယ်ဆိုရင် အောက်ပါပုံအတိုင်း Start Motorကို ပြန်လည်လဲလှယ်ပေးခြင်း ဝန်ဆောင်မှုတွေကို ရရှိနိုင်မှာပါ။ 🙇🏻♂️ဒီလို အာမခံအကျုံးဝင်တဲ့ အထူးအခွင့်အရေးတွေပိုင်ဆိုင်နိုင်ဖို့ လူကြီးမင်းတို့ရဲ့လုပ်ငန်းသုံးကားလေးကို သတ်မှတ်ချက်တွေအတိုင်း စနစ်တကျအသုံးချကြဖို့ တိုက်တွန်းနှိုးဆော်လိုက်ရပါတယ်ခင်ဗျာ။ Myanmar Htoo San Co.,Ltd ( HOTLINE ) Yangon Head Office: 📞 […]
🙏ဦးချဂါရဝပြုကြရာ ဆုပေးသံများဝေဝေဆာ မြန်မာထူးစံမှာ……….
🙏ဦးချဂါရဝပြုကြရာ ဆုပေးသံများဝေဝေဆာ မြန်မာထူးစံမှာ………. 👷♀️👷♂️မြန်မာထူးစံရဲ့ အရင်းအမြစ်အသက်သွေးကြောဖြစ်သော လုပ်ငန်းများကောင်းစွာလည်ပတ်စီးဆင်းနိုင်ဖို့ နိုင်ရာတာဝန်ထမ်းဆောင်ရင်း ကြိုးစားလုပ်ဆောင်နေကြတဲ့ မြန်မာထူးစံဝန်ထမ်းများဟာ တာဝန်ကျေပွန်ရုံတင်မက ဂါရဝတရားကိုလည်း မပျက်ကွက်ခဲ့ကြပါဘူး။ 🪔မြန်မာထူးစံရဲ့ ဝန်ထမ်းများစုပေါင်းပြီး ကန်တော့ဂါရဝပြုကြရင်း အကောင်းဆုံးသီတင်းကျွတ်အချိန်အခါလေးကို ပိုင်ဆိုင်ခဲ့ကြပါတယ်။ ကန်တော့ခံ တာဝန်ရှိဆရာကြီး၊ဆရာမကြီးများရဲ့ ဆုံးမသြဝါဒများနဲ့ ဆုပေးသံများဟာ ဝန်ထမ်းများအားလုံးအတွက်လည်း နှစ်ထောင်းအားရဖြစ်ခဲ့ပါတယ်။ 🙆♂️နောက်ထပ်နှစ်တွေမှာလည်း ပိုကောင်းသော ကားကုမ္ပဏီကြီးတစ်ခုအဖြစ် ရပ်တည်ပြီး လူကြီးမင်းတို့ရဲ့ လုပ်ငန်းသုံးကားလိုအင်ဆန္ဒတွေကို အကောင်းဆုံးဝန်ဆောင်မှုတွေနဲ့ ဆက်လက်ဖြည့်ဆည်းပေးသွားပါမယ်ခင်ဗျာ။ Myanmar Htoo San Co Ltd☎️ ( HOTLINE ) Yangon Head Office: Sale – 09448005151 / 09448005353 / 09448005757 Service – 09453510701 / 09453510702 Spare – 09453510664 / 09453510667 License – 09453563433/ 09453563434 Mandalay Head Office: Sale 09765112488 / 09258669940 […]