မြန်မာထူးစံကုမ္ပဏီ၏ Forland ချစ်သူ customer ကြီးများအတွက် အသိပေးကြေညာခြင်း
📣📣 မြန်မာထူးစံကုမ္ပဏီ၏ Forland ချစ်သူ customer ကြီးများအတွက် အသိပေးကြေညာခြင်း ❕❕ လက်ရှိကာလမှာ အချိန်နဲ့အမျှ ပြောင်းလဲမြင့်တက်နေတဲ့ ဈေးနှုန်းများကြောင့် Forland လုပ်ငန်းသုံးကားဝယ်ယူလိုသူ လူကြီးမင်းများအနေဖြင့် အဖိုးသင့်လှတဲ့ Second ကားများကိုသာ ရွေးချယ်ဝယ်ယူလာကြပါတယ်။ ထိုအခါ မိမိတို့ဝယ်ယူလိုက်တဲ့ယာဉ်များနဲ့ ပတ်သက်၍ ငွေကြေးအရှုပ်အရှင်းများ ကင်းရှင်းမှု ရှိ/မရှိနှင့် လိုင်စင်စာရွက်စာတမ်း စုံ/မစုံတို့မှာ လွန်စွာအရေးကြီးလှပါတယ်။ Forland အမှတ်တံဆိပ်သည် မြန်မာထူးစံကုမ္ပဏီ၏ တစ်ဉီးတည်းမူပိုင်အမှတ်တံဆိပ် ဖြစ်သည့်အတွက် မြန်မာထူးစံရဲ့ ချစ်ရသော မိတ်ဟောင်းမိတ်သစ်လူကြီးမင်းများအနေနဲ့ Forland second ကားများဝယ်ယူတော့မယ်ဆိုလျှင် ☑️ ယခင်ဝယ်ယူသူမှ ကုမ္ပဏီတွင် ငွေအကျေပေးချေပြီးခြင်း ရှိ/မရှိ ☑️ လိုင်စင်စာရွက်စာတမ်း အစုံအလင် ရှိ/မရှိ ☑️ လိုင်စင်သက်တမ်း ရှိ/မရှိ ☑️ လိုင်စင်စာရွက်စာတမ်း မှန်ကန်ခြင်း ရှိ/မရှိ စသည့် Forland ကား(၁)စီးချင်း၏ နောက်ကြောင်းရာဇဝင် အချက်အလက်များကို မြန်မာထူးစံကုမ္ပဏီ၏ အောက်ဖော်ပြပါ ဖုန်းနံပါတ်များအား ဆက်သွယ်မေးမြန်း၍ အသေအချာ စစ်ဆေးပြီးမှသာ ဝယ်ယူအသုံးပြုကြပါရန် မြန်မာထူးစံကုမ္ပဏီမှ စေတနာများစွာဖြင့် တိုက်တွန်းအကြံပေးလိုက်ရပါတယ်။ […]