- January 13, 2022
- World Wide Myanmar
- 0 Comments
- 1010 Views
- 0 Likes
- NEWS & EVENTS
သင့်ရဲ့ကားကို အင်ဂျင်ဝိုင် ထည့်ဖြစ်ရဲ့လား❓❓
🛑သင့်ရဲ့ကားကို အင်ဂျင်ဝိုင် ထည့်ဖြစ်ရဲ့လား❓❓
လူကြီးမင်းတို့ရဲ့ ကားတွေကို ကောင်းကောင်းမောင်းနှင်ဖို့အတွက် အင်ဂျင်တစ်လုံး ကောင်းကောင်းလည်ပတ်ဖို့က အဓိကအချက်ထဲမှာ ပါဝင်ပါတယ်။❕
Engine oil(အင်ဂျင်ဝိုင် ခေါ် စက်ချောဆီ) တွေက အင်ဂျင်ရဲ့ အတွင်းအစိတ်အပိုင်းများကို ချောချောမွေ့မွေ့ အေးမြစွာ လည်ပတ်စေပါတယ်။
ဒါ့အပြင် အင်ဂျင်ကို အနာတရ ဖြစ်လာစေတတ်တဲ့ အတွင်းပိုင်းပွတ်တိုက်မှုကိုလည်း လျှော့ချပေးပါတယ်။
အချိန်ကြာလာတဲ့နဲ့အမျှ အနည်တွေနဲ့ အခြားသော အညစ်အကြေးတွေက အင်ဂျင်ထဲမှာ စုပြုံလာကြပြီး အင်ဂျင်ကို ကောင်းကောင်းမလည်ပတ်စေတော့ဘဲ တဖြည်းဖြည်းနဲ့ အင်ဂျင်လဲရလောက်တဲ့အထိ ထိခိုက်မှုတို့ ဖြစ်ပေါ်စေလာတာကြောင့် အင်ဂျင်ဝိုင်မှန်မှန်လဲပေးဖို့ လိုအပ်ပါတယ်။✔
အင်ဂျင်ဝိုင်မှန်မှန်လဲပေးခြင်းအားဖြင့်🔰
✅အင်ဂျင်သက်တမ်းကို ပိုမိုကြာရှည်ခံစေပါတယ်။
✅အင်ဂျင်ကို သေချာလည်ပတ်စေပါတယ်။
✅ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှတ်မှုနဲ့ လောင်စာဆီကုန်ဆုံးမှုကိုလည်း လျှော့ချပေးပါတယ်။
🟡ကားအမျိုးမျိုး၊ အင်ဂျင်ဝိုင်အမျိုးမျိုး
အင်ဂျင်ဝိုင် လဲ/ထည့်တဲ့အခါ မိမိကားအတွက် မှန်ကန်သင့်တော်တဲ့အင်ဂျင်ဝိုင်ကို လိုအပ်တဲ့ပမာဏနဲ့အညီ ထည့်တတ်ဖို့လိုပါတယ်။
များလေ၊ကောင်းလေ ဆိုပြီး စိတ်ရှိတိုင်းထည့်ရင်တော့ အင်ဂျင်အတွက် ထိခိုက်မှုကြီးမားစေနိုင်ပါတယ်၊
ကျွန်တော်တို့ Forland Dump Truck ကားတွေပေါ် မူတည်ပြီး ထည့်ရမည့် အင်ဂျင်ဝိုင်ပမာဏတွေကတော့🔰
◽️5T(490) ◾️ 7 Liters
◽️7T(4100) ◾️ 8 Liters
◽️8T(4102) ◾️ 8 Liters
◽️10T(4108) ◾️ 13 Liters
◽️12T(4108) ◾️ 13 Liters
◽️13T(6105) ◾️ 18 Liters
တို့ပဲ ဖြစ်ပါတယ်။
အင်ဂျင်ဝိုင်ကို မှန်မှန်လဲပေးဖို့အတွက်ကလည်း ကားကျန်းမာရေးအတွက် အရေးကြီးသလို တခြားအစိတ်အပိုင်းတွေကိုလည်း ကားမမောင်းခင် မှန်မှန်စစ်ဆေးဖို့လည်း လိုပါတယ်။ လူကြီးမင်းတို့အားလုံး ယာဉ်အန္တရာယ်ကင်းဝေး ဘေးရှင်းကြပါစေ🙏🙏
Forland Motors ရဲ့ မိတ်ဟောင်းမိတ်သစ် Customer ကြီးများလည်း ယခုဖြစ်ပေါ်နေသောရောဂါဆိုးကြီးမှ ကင်းဝေးကြပါစေလို့ ဆုတောင်းမေတ္တာပို့သအပ်ပါတယ်ခင်ဗျာ🙏🙏🙏
Forland Motors
Service – 09453510701 , 09453510702, 09453510703