Engine Oil ( အင်ဂျင်ဝိုင်) ၏ အရေးပါပုံ
“Engine Oil ( အင်ဂျင်ဝိုင်) ၏ အရေးပါပုံ” ကားတွေရဲ့ အသက်သွေးကြောဖြစ်တဲ့ အင်ဂျင်ဝိုင်ဟာ အင်ဂျင်တစ်လုံး ကောင်းမွန်စွာ ကြာကြာခံဖို့အတွက် အရေးကြီးကဏ္ဍများစွာက ပါဝင်ပါတယ်။ အဲ့ဒါတွေကတော့🔰 ✅စက်ချောဆီဖြစ်တဲ့အလျောက် စက်ကို ချောမွေ့စွာ လည်ပတ်စေပါတယ်။ ✅သံချေးတက်ခြင်းနဲ့ တိုက်စားခြင်းမှ ကာကွယ်ပေးပါတယ်။ ✅အစိတ်အပိုင်းအချင်းချင်း ပွတ်တိုက်မှုများကို လျော့ကျစေတယ်။ ✅ဆီကကျလာတဲ့ အနည်တွေနဲ့ အခြားအညစ်အကြေးတွေကိုလည်း သန့်စင်ပေးပါတယ်။ ✅အင်ဂျင်အပေါ်ပိုင်းနဲ့ လည်ပတ်နေတဲ့အပိုင်းတွေကို အပူလျှော့ချပေးပါတယ်။ ✅Piston နဲ့ ဆလင်ဒါကြားမှာ ရှိတဲ့နေရာလွတ်ကိုလည်း ဖြည့်ဆည်းပေးခြင်းဖြင့် စွမ်းအင်ကုန်ကျမှု လျှော့ချပေးပြီး အင်ဂျင်ကို ကြာရှည်ပိုခံစေပါတယ်။ ⚠️ဒါပေမဲ့လည်း အင်ဂျင်ဝိုင်ရဲ့ အသုံးဝင်ချက်တွေဟာ များတာကြောင့် ပိုများလေ ပိုကောင်းလေဆိုပြီး စိတ်တိုင်းကျ ထည့်လို့လည်း မရပါဘူး။ […]