တစ်ပိုင်တစ်နိုင်လုပ်ငန်းရှင်များအတွက် နှစ်သစ်မှာ မဖြစ်မနေဝယ်ယူထားသင့်တဲ့ လုပ်ငန်းသုံးကားတစ်စီး
◻️ တစ်ပိုင်တစ်နိုင်လုပ်ငန်းရှင်များအတွက် နှစ်သစ်မှာ မဖြစ်မနေဝယ်ယူထားသင့်တဲ့ လုပ်ငန်းသုံးကားတစ်စီး ☑️ နှစ်သစ်ကူးချိန်ခါ ဒီရာသီဟာ တစ်ပိုင်တစ်နိုင်လုပ်ငန်းရှင်များအတွက်တော့ အလုပ်အများဆုံးအချိန်အခါပဲ။ အသီးအနှံတွေ ရာသီပေါ်ချိန်ဆိုလည်း ဟုတ်သလို ပွဲတော်ရာသီဆိုလည်း မမှားပါဘူး။ ဒါကြောင့် တစ်မြို့မှတစ်မြို့၊ တစ်နယ်မှတစ်နယ် သွားလာ၊ သယ်ယူ၊ ပို့ဆောင်၊ ရောင်းချနိုင်ဖို့ လုပ်ငန်းသုံးကားတွေကို မဖြစ်မနေလိုအပ်လာနိုင်တဲ့ တစ်ပိုင်တစ်နိုင်လုပ်ငန်းရှင်များအတွက် နှစ်သစ်မှာ မဖြစ်မနေဝယ်ယူထားသင့်တဲ့ လုပ်ငန်းသုံးကားတစ်စီးကို မြန်မာထူးစံမှ မိတ်ဆက်ပေးလိုက်ရပါတယ်ခင်ဗျာ။😊 မြန်မာထူးစံရဲ့ 𝐅𝐨𝐫𝐥𝐚𝐧𝐝 𝐋𝐢𝐠𝐡𝐭 𝐓𝐫𝐮𝐜𝐤 𝐋𝐉 𝟒𝟔𝟓𝐐-𝟗’ ကားဆိုရင်တော့ တစ်ပိုင်တစ်နိုင်လုပ်ငန်းရှင်များအတွက် အသင့်တော်ဆုံးကားလေးတစ်စီးပဲ ဖြစ်ပါတယ်။ ကျစ်လစ်တဲ့ဖွဲ့စည်းပုံကြောင့် နေရာမရွေး လွယ်ကူမြန်ဆန်စွာ သွားလာပို့ဆောင်နိုင်သလို ဆီစားလည်း သက်သာလှပါတယ်။ ဒါ့အပြင် 💎 တောင့်တင်း၊ အကြမ်းခံခြင်း၊ 💎 ဈေးနှုန်းသက်သာခြင်း၊ 💎 အပိုပစ္စည်းဝယ်ရလွယ်ခြင်း စတဲ့ အားသာချက်များကိုပါ ပိုင်ဆိုင်ထားသေးတာကြောင့် တစ်မြို့မှတစ်နယ် သွားလာနေရသူ တစ်ပိုင်တစ်နိုင်လုပ်ငန်းရှင်များအတွက်တော့ အချိန်ကြာလာတာနဲ့အမျှ ကုန်ကျစရိတ်ပိုမိုသက်သာလာစေခြင်းနဲ့အတူ တွက်ခြေပိုကိုက်၊ အမြတ်ပိုများစေမှာပါ။ ဒီကားလေးများကိုတော့ မြန်မာထူးစံရုံးချုပ်နဲ့ မြန်မာပြည်အနှံ့က ဆိုင်ခွဲပေါင်းများစွာမှာ စိတ်တိုင်းကျစစ်ဆေး၊ ဝယ်ယူနိုင်ပါတယ်ခင်ဗျာ။ […]
ပြင်ပ Second ကားဝယ်ယူလိုပါက သတိထားရမည့်အချက်များ
ပြင်ပ Second ကားဝယ်ယူလိုပါက သတိထားရမည့်အချက်များ နှစ်သစ်မှာလုပ်ငန်းတိုးချဲ့ဖို့ စဉ်းစားနေတဲ့ လုပ်ငန်းရှင်လူကြီးမင်းများအနေနဲ့ ပြင်ပ Second ကားဝယ်ယူလိုပါက သတိထားရမည့်အချက်များ ကိုမျှဝေပေးချင်ပါတယ် ။ လုပ်ငန်းရှင်အများစုသိထားသင့်တဲ့ အကြောင်းအရင်းလေးဖြစ်လို့ ဒီပို့စ်လေးကိုလည်း ပြန်လည်မျှဝေပေးစေချင်ပါတယ် ။ အထူးသဖြင့် လူကြီးမင်းတို့ Forland Second ကားများဝယ်ယူတော့မယ်ဆိုရင် ☑️ ယခင်ဝယ်ယူသူမှ ကုမ္ပဏီတွင် ငွေအကျေပေးချေပြီးခြင်း ရှိ၊ မရှိ၊ ☑️ လိုင်စင်စာရွက်စာတမ်း အစုံအလင်ရှိ၊ မရှိ၊ ☑️ လိုင်စင်သက်တမ်းရှိ၊ မရှိ၊ စတဲ့အချက်တွေကို ဦးစားပေးမေးမြန်းစုံစမ်းရမှာဖြစ်ပါတယ် ။ တစ်စုံတစ်ခု မပြည့်စုံမှုကြောင့် လုပ်ငန်းခွင်မှာ ဝယ်ယူထားသော ကားများအနေဖြင့် ရေရှည်အသုံးချနိုင်ဖို့အခက်တွေ့နိုင်ပါတယ် ။ အဝယ်မမှား ရွေးချယ်မှန်ကန် အစစ်အမှန်ဖြစ်စေဖို့ စေတနာရှေ့ထားကာ အကြံပြု ဖော်ပြပေးလိုက်ပါသည် ။ ထပ်မံပြီး အသေးစိတ်သိရှိလိုပါက မြန်မာထူးစံကုမ္ပဏီ၏ အောက်ဖော်ပြပါ ဖုန်းနံပါတ်တွေကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။ Myanmar Htoo San Co.,ltd ( HOTLINE ) Yangon Head Office: 📞 […]
လုပ်ငန်းသုံးကားလိုင်စင် လျှောက်ထားဖို့ မြန်မာထူးစံကို ဆက်သွယ်စို့
🪪 လုပ်ငန်းသုံးကားလိုင်စင် လျှောက်ထားဖို့ မြန်မာထူးစံကို ဆက်သွယ်စို့ 👌 မင်္ဂလာရှိသော နှစ်သစ်အချိန်အခါလေးဖြစ်ပါစေ 📣📣 လိုင်စင်အနက် လုပ်ငန်းသုံးကားလေးတွေ ဝယ်ယူအားပေးထားတဲ့ လူကြီးမင်းတို့အနေနဲ့ ဝယ်ယူထားတဲ့ကားလေးတွေကို ✅လူသုံးကုန်ပစ္စည်း ✅စားသောက်ကုန်ပစ္စည်း ✅စက်ပစ္စည်း ✅ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်း ✅အထည်အလိပ် စသဖြင့် ကုန်စည်တွေကို တင်ဆောင်ခြင်းပြုလုပ်တော့မယ်ဆိုရင်တော့ မဖြစ်မနေ လုပ်ငန်းလိုင်စင်လျှောက်ထားဖို့တော့ လိုပါမယ်ခင်ဗျာ။ သက်ဆိုင်ရာလုပ်ငန်းရုံးမှာ လုပ်ငန်းအမျိုးအစား (၁)မျိုးရွေးချယ်၍ ကိုယ်ပိုင်စီးပွား “င”လုပ်ငန်းအမျိုးအစားကို လျှောက်ထားနိုင်ပါတယ်။ ဒီအတွက် အချိန်တွေအများကြီးပေးစရာမလိုတော့ပါဘူး ။ လူကြီးမင်းတို့အနေနဲ့ YGN,MDY,Bago,Taungngu,Pyay,Thayarwady လိုင်စင်ကားပိုင်ရှင်များထဲမှ တစ်ယောက်ဆိုရင်တော့ လူကြီးမင်းတို့စိတ်တိုင်းကျ ဆောင်ရွက်ပေးဖို့အတွက် မြန်မာထူးစံကုမ္ပဏီမှ အသင့်ရှိနေပါတယ် ။ ဝယ်ယူထားတဲ့လုပ်ငန်းသုံးကားများအတွက် အပိုပစ္စည်း၊Service ဝန်ဆောင်မှုတွေသာမက လိုင်စင်ကိစ္စအဝဝကို စိတ်ချယုံကြည်ရသော ဝန်ဆောင်မှုများဖြင့် အချိန်တိုအတွင်း ဆောင်ရွက်ပေးနေတာဖြစ်လို့ အခုပဲ ဆက်သွယ်လိုက်ပါ။ 😊 👇 Myanmar Htoo San ( HOTLINE ) Yangon Head Office: License – 09453563433 / 09453563434 Mandalay […]
အထူး promotion သိန်း(30)အကျိုးခံစားခွင့်(ဦးရာစနစ်)ဖြင့် အခုပဲ ဝယ်ယူလိုက်ပါ
📣📣 အကြမ်းခံ၊ သွက်လက်တဲ့ 𝐅𝐨𝐫𝐥𝐚𝐧𝐝 𝐌𝟑 𝐋𝐢𝐠𝐡𝐭 𝐓𝐫𝐮𝐜𝐤 𝟒𝟗𝟑ZLQ (2T) 𝟏𝟏’𝟒” နဲ့ (4T) 𝟏𝟒’ flat နှစ်စီး စီအား အထူး promotion သိန်း(30)အကျိုးခံစားခွင့်(ဦးရာစနစ်)ဖြင့် အခုပဲ ဝယ်ယူလိုက်ပါ။ 📣📣 အသေးစား၊ အလတ်စားလုပ်ငန်းရှင်များအနေနဲ့ နှစ်သစ်မှာ လုပ်ငန်းသုံးကားတစ်စီးလောက် ဝယ်ယူဖို့ စဉ်းစားထားတယ်ဆိုရင်တော့ မြန်မာထူးစံမှ လက်မလွှတ်သင့်တဲ့အခွင့်အရေးလေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ 😊 မြန်မာထူးစံရဲ့ 𝐅𝐨𝐫𝐥𝐚𝐧𝐝 𝐌𝟑 𝐋𝐢𝐠𝐡𝐭 𝐓𝐫𝐮𝐜𝐤 𝟒𝟗𝟑ZLQ (2T) 𝟏𝟏’𝟒” နဲ့ (4T) 𝟏𝟒’ flat ကားလေးတွေကတော့ ✔ ဘေး၊ဘယ်၊ညာ၊နောက် မြင်ကွင်းရှင်းစေဖို့ ဘတ်မှန်ထောက်နှင့်အတူ ဘတ်မှန်အစုံအလင်ပါရှိခြင်း၊ ✔ သုံးဆင့်ထိုင်ဒီဇယ်ဖစ်တာကြောင့် ပန့်ပျက်စီးမှုကင်းဝေးစေခြင်း ✔ Heat ပလပ်များကြောင့် အေးခဲသောရာသီတွင်ပင် စက်နှိုးရလွယ်စေခြင်း ✔ အင်တာကူလာတာဘိုပါရှိခြင်း ✔ကျစ်လျစ်၊ တောင့်တင်းတဲ့ ကိုယ်ထည် ✔တင်သမျှဝန်ကို မြန်ဆန်ပေါ့ပါးစွာ ပို့ဆောင်ပေးနိုင်ခြင်း ဆိုတဲ့အားသာချက်များ အပြင် 🔹🔹🔹ထပ်ဆင့် သတင်းကောင်းလေးကတော့ […]
ဆီ၊ ရေ၊ လေ၊ ဝိုင်စစ်ဆေးခြင်း မရှိပါက တွေ့ကြုံရနိုင်မည့် အချက်များ
🚨 ဆီ၊ ရေ၊ လေ၊ ဝိုင်စစ်ဆေးခြင်း မရှိပါက တွေ့ကြုံရနိုင်မည့် အချက်များ ❗️2 #စက်ဆီမှန်မှန်မစစ်မိတဲ့အခါ အင်ဂျင်အစိတ်အပိုင်းတွေအတွက် လိုအပ်တဲ့ချောဆီပမာဏ လျော့နည်းလာတာကို ပြန်လည်ဖြည့်ဆည်း၊ လဲလှယ်ပေးနိုင်တော့မှာ မဟုတ်ပါဘူး။ အဲ့ဒီအခါ အစိတ်အပိုင်းအချင်းချင်း ပွတ်တိုက်မိခြင်း၊ အပူလွန်ကဲခြင်း၊ ကြေးတက်ခြင်း၊ အကြီးစားထိခိုက်မှုများဖြစ်ပေါ်နိုင်ခြင်း စတဲ့အကျိုးဆက်များ ဖြစ်ပေါ်လာပါလိမ့်မယ်။ #ရေမှန်မှန်မစစ်မိတဲ့အခါ အင်ဂျင်တစ်လျှောက်နား လည်ပတ်စီးဆင်းနေတဲ့ ရေတွေလျော့နည်းလာပြီး ကားကို သေချာအအေးပေးနိုင်တော့မှာ မဟုတ်ပါဘူး။ ဒါကြောင့် over-heat တက်လာနိုင်ပြီး အင်ဂျင်စွမ်းဆောင်ရည်ကို သိသိသာသာထိခိုက်စေပါလိမ့်မယ်။ #လေမှန်မှန်မစစ်မိတဲ့အခါ ကားအင်ဂျင်တွေ စွမ်းအင်ရဖို့အတွက် ဆီ (လောင်စာဆီ) နဲ့ လေတွေ ရောနှောသွားပြီး မီးလောင်ပေါက်ကွဲဖို့ လိုပါတယ်။ သေချာမစစ်ဆေးထားတဲ့ လေစနစ်ဟာ ချို့ယွင်းနေနိုင်ပြီး အောက်ဆီဂျင်နဲ့အတူ ရောပါလာတဲ့ ဖုန်၊ သဲနဲ့ အညစ်အကြေးတွေကို သန့်စင်ပေးနိုင်တော့မှာ မဟုတ်ပါဘူး။ ရလဒ်အနေနဲ့ အင်ဂျင်စွမ်းဆောင်ရည်ကျဆင်းစေနိုင်သလို ပျက်စီးဆုံးရှုံးမှုအကြီးစားတွေလည်း ကြုံတွေ့ရနိုင်ပါတယ်။ ဒီအချက်တွေကတော့ ဆီ၊ ရေ၊ လေ၊ ဝိုင်စစ်ဆေးခြင်း မရှိပါက တွေ့ကြုံရနိုင်မည့် အချက်များဖြစ်ပြီး လူကြီးမင်းတို့ကားများကြံ့ခိုင် ရေးအတွက် […]
Original A လိုင်းပစ္စည်း အသုံးပြုခြင်းကြောင့် ရရှိသော အကျိုးကျေးဇူးများ
⬜️ Original A လိုင်းပစ္စည်း အသုံးပြုခြင်းကြောင့် ရရှိသော အကျိုးကျေးဇူးများ 📈 📣 📣 မြန်မာထူးစံရဲ့ မိတ်ဟောင်းမိတ်သစ်လူကြီးမင်းများခင်ဗျာ … လူကြီးမင်းတို့အနေနဲ့ မိမိတို့လုပ်ငန်းသုံးကားများအတွင်းက ချို့ယွင်းခါနီးအစိတ်အပိုင်းများ၊ ပျက်စီးနေတဲ့အစိတ်အပိုင်းများကို လဲလှယ်ဖို့ စဉ်းစားနေတယ်ဆိုရင်တော့ နီးစပ်ရာ၊ သက်သာရာ ရွေးချယ်မဲ့အစား Forland Original (A) လိုင်းကိုသာ ရွေးချယ်အသုံးပြုဖို့ အကြံပေးလိုပါတယ်။🙂Forland Original (A) လိုင်း အပိုပစ္စည်းများကို ရွေးချယ်လိုက်ခြင်းက ရေတိုအတွက် အနည်းငယ်ဈေးကြီးနေနိုင်ပေမဲ့ ရေရှည်မှာ ✅ ပျက်စီးမလွယ်ဘဲ ကာလရှည်ကြာစွာ အသုံးပြုနိုင်ခြင်း ✅ ပစ္စည်းအရည်အသွေး ပြည့်ဝနေခြင်း ✅ လုပ်ငန်းခွင်တွင် ကောင်းမွန်စွာ လုပ်ဆောင်နိုင်ခြင်း ✅ ထပ်ခါထပ်ခါမလဲရစေဘဲ ကုန်ကျစရိတ်သက်သာစေခြင်း ✅ Original ပစ္စည်းများဖြစ်၍ ဆက်စပ်ပစ္စည်းများပျက်ဆီးမူ့မရှိခြင်းတို့လို အားသာချက်များကို ခံစားရရှိစေမှာပါ။ လူကြီးမင်းတို့အနေနဲ့ အပိုပစ္စည်းများအတွက် Forland Original (A) လိုင်းအပိုပစ္စည်းများကို ဝယ်ယူလိုတယ်ဆိုရင်တော့ မြန်မာထူးစံကုမ္ပဏီရုံးချုပ်နဲ့ ဆက်စပ်ကိုယ်စားလှယ်ဆိုင်ခွဲတိုင်းမှာ ရောင်းချပေးနေပါတယ်ခင်ဗျာ။ အသေးစိတ်သိချင်ရင်တော့ အောက်ပါဖုန်းနံပါတ်တွေကို ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ် 🤗 […]
မိတ်ဟောင်းမိတ်သစ်Customer ကြီးများများအားလုံးအတွက် နှစ်သစ်ဆုမွန်လွှာ
🎉🎉၂၀၂၂ ခုနှစ်တစ်နှစ်တာလုံး မြန်မာထူးစံကုမ္ပဏီကိုမှ ယုံကြည်စိတ်ချခဲ့ကြတဲ့ မိတ်ဟောင်းမိတ်သစ်Customer ကြီးများများအားလုံးအတွက် နှစ်သစ်ဆုမွန်လွှာ 📃🎊 မြန်မာထူးစံရဲ့ December promotion လေးမှာ ပါဝင်အားပေးခဲ့ကြတဲ့ လူကြီးမင်းများအပြင် ၂၀၂၂ ခုနှစ်အတွင်း လုပ်ငန်းသုံးကားလိုအပ်လာတိုင်းမှာ မြန်မာထူးစံကိုမှ စိတ်ချယုံကြည်ကြတဲ့ မိတ်ဟောင်းမိတ်သစ်များကိုလည်း မြန်မာထူးစံမှ အထူးကျေးဇူးတင်ရှိရပါတယ်ခင်ဗျာ။ အခုလိုစိတ်ချယုံကြည်မှုအတွက်လည်း လှိုက်လှိုက်လှဲလှဲ ဂုဏ်ယူဝမ်းမြောက်ရပါတယ်။ 😊😊 မြန်မာထူးစံရဲ့မိတ်ဟောင်းမိတ်သစ် Customer လူ ကြီးမင်းများအား လုံးလည်းယခုနှစ်သစ်ချိန်ခါမှ စတင်ပြီးတစ်နှစ်ပတ်လုံးရဲ့ နေ့ရက်တိုင်းမှာ အောင် မြင်မူ့များစွာဆွတ်ခူးနိုင်ကြပါစေလို့ မြန်မာထူးစံမှ နှစ်သစ်ဆုမွန်လွှာ ပို့သလိုက်ရပါတယ်ခင်ဗျာ။ ၂၀၂၃ ခုနှစ်အတွက် လုပ်ငန်းသုံးကားများ လိုအပ်လာတဲ့အခါမှာလည်း ယခုလိုပဲ မြန်မာထူးစံကို အရင်ဆုံး သတိရပေးကြပါဦးဗျို့။ 🥰🥰 Myanmar Htoo San Co.,Ltd ( HOTLINE ) Yangon Head Office: 📞 Sale – 09448005151 / 09448005353 / 09448005757 📞 Spare – […]
ဆောက်လုပ်ရေးနဲ့ သယ်ယူပို့ဆောင်ရေးလုပ်ငန်းကြီးများအတွက် 𝐅𝐨𝐫𝐥𝐚𝐧𝐝 𝐌𝟑 𝐃𝐮𝐦𝐩𝐞𝐫 𝐓𝐫𝐮𝐜𝐤 𝟒𝟗𝟎 (𝟓𝐓) (တစ်ကျင်းခွဲ)
🏗 ဆောက်လုပ်ရေးနဲ့ သယ်ယူပို့ဆောင်ရေးလုပ်ငန်းကြီးများအတွက် 𝐅𝐨𝐫𝐥𝐚𝐧𝐝 𝐌𝟑 𝐃𝐮𝐦𝐩𝐞𝐫 𝐓𝐫𝐮𝐜𝐤 𝟒𝟗𝟎 (𝟓𝐓) (တစ်ကျင်းခွဲ) 💥 မြန်မာထူးစံရဲ့ မိတ်ဟောင်းမိတ်သစ်များထဲမှာ ဆောက်လုပ်ရေးနဲ့ သယ်ယူပို့ဆောင်ရေးလုပ်ငန်းရှင်ကြီးများလည်း များစွာပါဝင်သလို နှစ်သစ်အတွက် ဘယ်လိုလုပ်ငန်းသုံးကားမျိုး ဝယ်ယူထားသင့်လဲ ဆိုတာလည်း မေးမြန်းနေကြပါပြီ။ ဒါကြောင့် ချစ်ရတဲ့မိတ်ဆွေလူကြီးမင်းများအတွက် ဆောက်လုပ်ရေးလုပ်ငန်းအတွက်လည်း လွယ်ကူသလို အိမ်ဆောက်ပစ္စည်းလုပ်ငန်းများ၊ အုတ်သဲကျောက်လုပ်ငန်းများ၊ ဆောက်လုပ်ကွန်ကရစ်လမ်းဝင်လမ်းထွက်နှင့်ရေးနဲ့ သယ်ယူပို့ဆောင်ရေးလုပ်ငန်းများမှာ ယုံကြည်အားကိုးနိုင်တဲ့ 𝐅𝐨𝐫𝐥𝐚𝐧𝐝 𝐌𝟑 𝐃𝐮𝐦𝐩𝐞𝐫 𝐓𝐫𝐮𝐜𝐤 𝟒𝟗𝟎 (𝟓𝐓) (တစ်ကျင်းခွဲ) ကားလေးနဲ့ မိတ်ဆက်ပေးလိုက်ရပါတယ်ခင်ဗျာ။ အားသာချက်နဲ့ အချက်အလက်များကိုလည်း အသေးစိတ်ဝေမျှပေးလိုက်ပါတယ်။ 😊 ————————————————————————– 𝐅𝐨𝐫𝐥𝐚𝐧𝐝 𝐌𝟑 𝐃𝐮𝐦𝐩𝐞𝐫 𝐓𝐫𝐮𝐜𝐤 𝟒𝟗𝟎 (𝟓𝐓) (တစ်ကျင်းခွဲ)အချက်အလက်များ ————————————————————————– 🔹ကျင်းဆိုဒ် : တစ်ကျင်းခွဲ 🔹အင်ဂျင်ပါဝါ : 48KW, 65HP, 2672CC 🔹စီယာတိုင် : Power 🔹ဆီတိုင်ကီအမျိုးအစား : စတီး 🔹ကားခေါင်းရုပ် : ပုံပြောင်းခေါင်းရုပ်ဖြစ်ပြီး မီးလုံး၊ […]
စိန်ရတုလွတ်လပ်ရေးနေ့
▪စိန်ရတုလွတ်လပ်ရေးနေ့ ယနေ့ကျရောက်သော (၇၅)ကြိမ်မြောက် လွတ်လပ်ရေးနေ့ကို မြန်မာထူးစံကုမ္ပဏီမှ လေးစားစွာဂုဏ်ပြုအပ်ပါသည် ။ #MyanmarHtooSan #MyanmarIndependenceDay
Happy New Year 2023
ချစ်ခင်လေးစားရတဲ့ Customer လူကြီးမင်းများ နှစ်သစ်မှာ ကိုယ်စိတ်နှစ်ဖြာ သာယာပျော်ရွှင်ချမ်းမြှေ့ကြပါစေလို့ နှစ်သစ်ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။ #myanmarhtoosan #happynewyear2023









