လုပ်ငန်းခွင်ကောင်းစွာ လုပ်ဆောင်ဖို့ Forland Original သုံးကြစို့
💥 လုပ်ငန်းခွင်ကောင်းစွာ လုပ်ဆောင်ဖို့ Forland Original သုံးကြစို့ 😉 ကားမောင်းနေရင်း တာယာကို မီးရှို့သလို ညှော်နံ့ရတတ်တယ်ဆိုရင်တော့ ကလပ်ပြား ( Clutch plate ) ကထွက်လာတာပဲ ဖြစ်ပါတယ်။ အင်ဂျင်နဲ့ ဂီယာဘောက်ကြားက ကလပ်ပလိတ်ပြားက လိုတာထက်ပိုတဲ့ဝန်ကို ရုန်းပေးရတဲ့အခါ လောင်လာပြီး ညှော်နံ့ထွက်လာတတ်ပါတယ်။ ❗️ လူကြီးမင်းတို့ကားများအတွက် ကလပ်ပလိတ်ပြားများ လိုအပ်နေပြီဆိုရင်တော့ အရည်အသွေးမြင့်ကလပ်ပလိတ်ပြားကို မြန်မာထူးစံကုမ္ပဏီမှာ လွယ်ကူစွာ ဝယ်ယူရရှိနိုင်ပါပြီ။ 😊 ပွတ်တိုက် ပွန်းစားမှုခံနိုင်ရည် မြင့်မားသည့် ကလပ် လိုင်နာသား အသုံးပြုထားသည့်အတွက် အပူဒဏ်ခံနိုင်ခြင်း၊ကလပ်မိအားကောင်းခြင်း၊အင်ဂျင်ကို သက်သာစေခြင်းစတဲ့ အားသာချက်တွေကို ပိုင်ဆိုင်ထားပါတယ်။ မြန်မာထူးစံမှ ကလပ်ပလိတ်ပြားသာမက အင်ဂျင်ဝိုင်၊ ကရောင်းဝိုင်၊ ကားဘီး၊ တာယာ၊ accessories များကို စုံလင်စွာရောင်းချပေးနေတာကြောင့် အပိုပစ္စည်းလိုနေပြီဆိုတာနဲ့ မြန်မာထူးစံကိုသာ အမြန်ဆုံးလာရောက်ဝယ်ယူလိုက်ပါ။ 🤗 Myanmar Htoo San Co.,Ltd ( HOTLINE ) Yangon Head Office: 📞 Sale – […]
ဝယ်ယူထားသောကားများအတွက် လိုင်စင်သက်တမ်းတိုး ဝန်ဆောင်မှုပေးနေပါပြီ
🪪 ဝယ်ယူထားသောကားများအတွက် လိုင်စင်သက်တမ်းတိုး ဝန်ဆောင်မှုပေးနေပါပြီ 📣📣 မြန်မာထူးစံကုမ္ပဏီရဲ့ မိတ်ဟောင်း၊ မိတ်သစ်ကြီးများခင်ဗျာ … မြန်မာထူးစံကုမ္ပဏီမှ ဝယ်ယူထားသောလူကြီးမင်းတို့ရဲ့ ကားလိုင်စင်များအတွက် မြန်မာထူးစံမှ လိုင်စင်သက်တမ်းတိုး ဝန်ဆောင်မှုများ ပြန်လည်ပြုလုပ်ပေးနေပြီပဲ ဖြစ်ပါတယ်။ လိုအပ်ချက်များနဲ့ ဈေးနှုန်းများအကြောင်း အသေးစိတ်သိရှိလိုတယ်ဆိုရင်တော့ 09-453563433 ကို ရုံးချိန်အတွင်း ဆက်သွယ်၊ မေးမြန်းနိုင်သလို cmt ထဲမှာ ဖုန်းနံပါတ်ချန်ထားခဲ့ပါကလည်း service team မှ ပြန်လည်ဆက်သွယ်ပေးသွားမှာပဲ ဖြစ်ပါတယ်။ လိုင်စင်သက်တမ်းတိုးဖို့ ခေါင်းခဲနေရပြီဆိုရင်တော့ မြန်မာထူးစံကုမ္ပဏီကိုသာ အခုပဲ service အပ်နှံလိုက်ပါဗျို့။ 🤗 Myanmar Htoo San Co.,Ltd ( HOTLINE ) Yangon Head Office: 📞 Service – 09453510701 / 09453510702 📞 Sale – 09448005151 / 09448005353 / 09448005757 📞 Spare – 09453510664 / 09453510667 […]
တာယာကောင်း၊ မကောင်း စစ်ဆေးနည်း
🛞 တာယာကောင်း၊ မကောင်း စစ်ဆေးနည်း သာမန်အားဖြင့်တော့ တာယာတစ်လုံးရဲ့ သက်တမ်းက ၃ – ၅ နှစ်အထိ အသုံးပြုနိုင်ပေမဲ့လည်း မောင်းနေကျလမ်း၊ ရာသီဥတုအနေအထား၊ တင်နေကျဝန်ပမာဏ၊ မောင်းနှင်ပုံ၊ တာယာအမျိုးအစား၊ ပန်းအမျိုးအစား၊ ကီလိုမီတာတို့အပေါ် မူတည်ပြီး အနည်းငယ်ကွဲပြားမှုတော့ ရှိနိုင်ပါတယ် ။ မကောင်းတော့တဲ့ တာယာတွေက ကားမောင်းနှင်တဲ့အခါ မငြိမ်စေခြင်း၊ ဘရိတ်အုပ်ရခက်စေခြင်း၊ ထိန်းလို့မလွယ်ခြင်း စတဲ့ဆိုးကျိုးတွေကို ဖြစ်ပေါ်စေတာကြောင့် တာယာကောင်း၊ မကောင်း ဘယ်လိုစစ်ဆေးမလဲ ဆိုတာ Forland ချစ်သူများအတွက် ဝေမျှပေးလိုက်ရပါတယ်ခင်ဗျာ ။ 😊 တာယာကောင်း၊ မကောင်း စစ်ဆေးနည်းတွေကတော့ 💥 တာယာပန်း စစ်ဆေးနည်း တာယာပန်းတွေက ကားမောင်းတဲ့အခါ ချော်မထွက်စေဘဲ စိတ်ရှိရာလားရာအတိုင်း မောင်းနှင်စေနိုင်ဖို့ အကူအညီပေးတာကြောင့် အနည်းဆုံး နှစ်ပတ် ၁ ခါတော့ တာယာပန်းတွေကို စစ်ဆေးကြည့်သင့်ပါတယ် ။ ကြိုက်နှစ်သက်ရာနည်းလမ်းနဲ့ တိုင်းတာနိုင်ပေမဲ့ တာယာပန်းတိုင်းတဲ့ tyre tread depth gauge နဲ့ တိုင်းတာခြင်းကတော့ အကောင်းဆုံးပါပဲ ။ […]
ကားမမောင်းခင် ဒါတွေစစ်ပါ
🛞 ကားမမောင်းခင် ဒါတွေစစ်ပါ ❕ ရာသီဥတုကတော့ မိုးတွင်းကာလထဲကို လုံးလုံးကြီး ဝင်ရောက်နေပြီပဲ ဖြစ်ပါတယ် ။ လက်ရှိကာလမှာလည်း မြန်မာနိုင်ငံတွင်း မိုးကြီးလေကြီးများ သည်းထန်စွာ ရွာသွန်းနေတာကြောင့် ကားမောင်းသူများအနေနဲ့ တတ်နိုင်သမျှ ဂရုတစိုက်မောင်းနှင်သင့်ပါတယ် ။ ဒါ့အပြင် ကားမမောင်းခင် စစ်ဆေးသွားသင့်တဲ့အချက်များကိုလည်း မြန်မာထူးစံမှ စေတနာရှေ့ထား၊ ဝေမျှပေးလိုက်ရပါတယ်ခင်ဗျာ ။ 😊 ဘယ်လိုကားပဲဖြစ်ဖြစ် ကားမမောင်းခင်မှာတော့ မဖြစ်မနေ စစ်ဆေးသွားသင့်တဲ့အချက်တွေကတော့ 🔹 တာယာအထူအပါး၊ ဖိအားမှန်မမှန်၊ ကောင်းစွာအလုပ် လုပ်၊ မလုပ် စစ်ဆေးသွားသင့်ပါတယ် ။ တာယာပြားနေတယ်မျိုး၊ လေလျော့နေတာမျိုးဆိုရင်တော့ မမောင်းနှင်သင့်ပါဘူး ။ 🔹 အင်ဂျင်ဝိုင်၊ ကရောင်းဝိုင်၊ လောင်စာ ( ဓာတ်ဆီ၊ ဒီဇယ်၊ ဓာတ်ငွေ့ )၊ ကူးလန့်များ စသည့် အရည်မှန်သမျှလည်း စစ်ဆေးသွားသင့်ပါတယ် ။ အထူးသဖြင့် ခရီးရှည်သွားသည့်အခါ လိုအပ်ပါက လဲလှယ်၊ အပြည့်ဖြည့်ထားသင့်ပါတယ် ။ 🔹 အချက်ပြရုံသာမက အလင်းရောင်အားနည်းချိန်တွေ၊ ရာသီဥတုဆိုးရွားချိန်တွေ၊ အရေးပေါ်အချိန်တွေမှာပါ အသုံးပြုနိုင်ဖို့ အချက်ပြမီးများကိုလည်း […]
Forland Motors ရဲ့ စိတ်ချရတဲ့ service ဝန်ဆောင်မှု
👨🔧 Forland Motors ရဲ့ စိတ်ချရတဲ့ service ဝန်ဆောင်မှု 😉 မိုးတွေဆိုတာ သည်းမှသည်း ရွာနေတဲ့ ဒီလိုအချိန်မှာ မိုးရေထဲ မောင်းဖို့အတွက် လူကြီးမင်းရဲ့ကားက အရာရာ အဆင်သင့်ဖြစ်နေမှ ဖြစ်မှာပါ ။ ဝိုက်ပါတွေ၊ မှန်တွေ၊ ကားမီးတို့လို အပြင်ပိုင်းကနေ အင်ဂျင်၊ ဘရိတ်တို့လို အတွင်းအစိတ်အပိုင်းတွေအထိ ၊ အကုန်လုံးက အဆင်ပြေနေမှသာ မိုးထဲ၊ လေထဲ အန္တရာယ်ကင်းကင်းနဲ့ မောင်းနှင်နိုင်မှာ ဖြစ်ပါတယ် ။ 👍 ◽️ မိုးရာသီအတွက် အဆင်သင့်ဖြစ်၊ မဖြစ် မသိ၊ မသေချာ ဖြစ်နေပြီလား ❔ ဒါဆိုရင်တော့ Forland Motors ကိုသာ အရောက်လှမ်းလာခဲ့ပါ ။ ကားအတွင်းပိုင်း၊ အပြင်ပိုင်း၊ အပေါ်ပိုင်း၊ အောက်ပိုင်း တစ်စီးလုံးအတွက် ယုံကြည်စိတ်ချရတဲ့ Forland Motors ရဲ့ service များက လူကြီးမင်းတို့အတွက် စိတ်တိုင်းကျ ဝန်ဆောင်မှုပေးဖို့ အသင့်စောင့်ကြိုလျက် ရှိပါတယ်ခင်ဗျာ ။ 😊 Forland Motors […]
Service ဝင်ဖို့ အချိန်ဆွဲနေတုန်းလား
🔧 Service ဝင်ဖို့ အချိန်ဆွဲနေတုန်းလား ❔ မိုးတွင်းကာလမှာ ကားမောင်းရတာ ကားမောင်းသူတိုင်းကို အတော်ဒုက္ခတွေ့စေပါတယ် ။ အထူးသဖြင့် ဘာမှန်းမသိတဲ့ တစ်ခုခုချို့ယွင်းနေတဲ့အခါ ကားမောင်းရ ပိုခက်စေသလို သောကတွေ၊ ဒေါသတွေ၊ မောဟတွေကလည်း မဖိတ်ခေါ်ဘဲ ကိုယ့်ဆီရောက်လာပါတယ် ။ ကားရဲ့ လုပ်ဆောင်ချက်တစ်ခုခု ချို့ယွင်းနေချိန်မှာ ” ဘာဖြစ်နေမှန်းမသိဘူး ” ဆိုတဲ့အဆင့်မှာ ထားလိုက်ရင်တော့ အချိန်၊ ငွေ၊ လူအင်အားအပြင် အသက်အန္တရာယ်ပါ ထိခိုက်နိုင်ပါတယ် ။ ◼️ ရုတ်တရက်ထိုးရပ်သွားမှ၊ ဘရိတ်မမိလိုက်လို့ မတော်တဆတစ်ခုခု ကြုံတဲ့အထိ စောင့်နေဦးမှာလား 🤔 အပ်နဲ့ထွင်းလို့ရတာကို ပုဆိန်နဲ့ ပေါက်မဲ့အစား အခုပဲ မြန်မာထူးစံကုမ္ပဏီမှာ Service ဝင်လိုက်ပါ ။ ယုံကြည်စိတ်ချရတဲ့ ပညာရှင်များက လိုအပ်ချက်မှန်သမျှကို အသေအချာ စစ်ဆေးပေးပြီး အပိုပစ္စည်းစုံလင်စွာနဲ့ ပြုပြင်ခြင်း၊ လဲလှယ်ခြင်း၊ ထိန်းသိမ်းပေးခြင်း service ဝန်ဆောင်မှုများကို လူကြီးမင်းတို့ စိတ်တိုင်းကျ ဆောင်ရွက်ပေးနေပါတယ် ။ 🥰 Myanmar Htoo San Co.,Ltd […]
Forland Motorsရဲ့ Promotion အစီအစဉ် သက်တမ်းတိုးမြှင့်ခြင်း
✨ Forland Motorsရဲ့ Promotion အစီအစဉ် သက်တမ်းတိုးမြှင့်ခြင်း ✨ Forland Motorsရဲ့ Promotion ၃ ဆင့်နဲ့ ရောင်းချပေးနေတဲ့ Promotion အစီအစဉ်လေးမှာ စိတ်ဝင်တစား ဝယ်ယူအားပေးခဲ့ကြသူများကို အထူးပင်ကျေးဇူးတင်ရှိပါတယ် ။ ဒီအစီအစဉ်လေးမှာ 💥 ငွေသားလက်ငင်းဝယ်ရင် Discount ၅ သိန်း၊ အရစ်ကျဆိုရင် Discount ၃ သိန်း 💥 ကားအမိုးကိုင်း (သို့) ဝယ်သူအမည်ပေါက် 💥 Member Card ခံစားခွင့် ဒီလို Promotion ၃ ဆင့်ကို တစ်ချိန်တည်းမှာ အထူးခံစားခွင့်ကို Customer များရရှိမှာဖြစ်လို့ လက်မလွတ်သင့်တဲ့ အခွင့်အရေးဖြစ်ပါတယ် ။ ဒီအစီအစဉ်မှာ ရောင်းချပေးသွားမဲ့ နာမည်ကျော် Forland Light Truck တွေကတော့ ⏺ 𝐅𝐨𝐫𝐥𝐚𝐧𝐝 𝐋𝐢𝐠𝐡𝐭 𝐓𝐫𝐮𝐜𝐤 𝐋𝐉 𝟒𝟔𝟓𝐐-𝟗’ ⏺ 𝐅𝐨𝐫𝐥𝐚𝐧𝐝 𝐋𝐢𝐠𝐡𝐭 𝐓𝐫𝐮𝐜𝐤 𝐋𝐉 𝟒𝟔𝟓𝐐 – 𝟕’𝟒” ⏺ […]
မြန်မာထူးစံကုမ္ပဏီရဲ့Promotion အစီအစဉ် သက်တမ်းတိုးမြှင့်ခြင်း
✨ မြန်မာထူးစံကုမ္ပဏီရဲ့Promotion အစီအစဉ် သက်တမ်းတိုးမြှင့်ခြင်း ✨ မြန်မာထူးစံကုမ္ပဏီရဲ့ Promotion ၃ ဆင့်နဲ့ ရောင်းချပေးနေတဲ့ Promotion အစီအစဉ်လေးမှာ စိတ်ဝင်တစား ဝယ်ယူအားပေးခဲ့ကြသူများကို အထူးပင်ကျေးဇူးတင်ရှိပါတယ် ။ နောက်ထပ်သတင်းကောင်းတစ်ခုအနေနဲ့ 💥 ငွေသားလက်ငင်းဝယ်ရင် Discount ၅ သိန်း၊ အရစ်ကျဆိုရင် Discount ၂ သိန်း 💥 ကားအမိုးကိုင်း သို့ ဝယ်သူအမည်ပေါက် 💥 Member Card ခံစားခွင့် ဒီလို Promotion ၃ ဆင့်ကို တစ်ချိန်တည်းမှာ အထူးခံစားခွင့်ကို Customer ကြီးများရဲ့တောင်းဆိုမှုအရ (5.7.2022) မှ(5.8.2022) နေ့အထိ တစ်လတိတိ တိုးမြှင့်ပေးထားပါတယ် ။ မြန်မာထူးစံကုမ္ပဏီရဲ့ နာမည်ကျော် Forland Light Truck တွေဖြစ်တဲ့ ⏺ 𝐅𝐨𝐫𝐥𝐚𝐧𝐝 𝐋𝐢𝐠𝐡𝐭 𝐓𝐫𝐮𝐜𝐤 𝐋𝐉 𝟒𝟔𝟓𝐐-𝟗’ ⏺ 𝐅𝐨𝐫𝐥𝐚𝐧𝐝 𝐋𝐢𝐠𝐡𝐭 𝐓𝐫𝐮𝐜𝐤 𝐋𝐉 𝟒𝟔𝟓𝐐 – 𝟕’𝟒” ⏺ 𝐅𝐨𝐫𝐥𝐚𝐧𝐝 […]
ကားအဲကွန်းက အဆိပ်သင့်နိုင်လား
❄️💨 ကားအဲကွန်းက အဆိပ်သင့်နိုင်လား 🤔 ကားအဲကွန်းမှာ ပါဝင်တဲ့ ဖရီယွန်ဓာတ်ငွေ့က လူသားတွေအတွက် အသက်ဆုံးရှုံးသည်အထိ ဒုက္ခပေးနိုင်သလို ကမ္ဘာကြီးအတွက်လည်း အဆိပ်သင့်စေပါတယ် ။ ❗️❗️ ဒါပေမဲ့ … ကားအဲကွန်းတွေက ဒီဓာတ်ငွေ့တွေကို ထုတ်လွှတ်ပေးနေတာ မဟုတ်တာကြောင့် စိတ်ပူစရာတော့ မလိုပါဘူး ။ ဖရီယွန်ဓာတ်ငွေ့တွေက ကားအဲကွန်းထဲမှာ ပါဝင်ရတာ မှန်ပေမဲ့လည်း ပိတ်မိနေတာပဲ ဖြစ်ပါတယ် ။ တစ်ခုရှိတာက အဲကွန်းပိုက်တွေ၊ အဆို့တွေ ပြုတ်နေ၊ ပေါက်နေပြီး စိမ့်ထွက်လာမယ်ဆိုရင်တော့ သေစေနိုင်တဲ့အထိ ဒုက္ခကောင်းကောင်းပေးနိုင်ပါတယ်။ ဖရီယွန်ပမာဏ မြောက်များစွာ ရှူမိခြင်းက ⚠️ အပျော့စားဝေဒနာတွေအနေနဲ့ ◾️ ခေါင်းမူးခြင်း၊ ◾️ ခေါင်းကိုက်ခြင်း၊ ◾️ အော့အန်ခြင်း၊ ◾️ လည်ချောင်း၊ မျက်စိ၊ နားများ ယားယံခြင်း၊ ◾️ ချောင်းဆိုးခြင်း၊ ◾️ အရေပြားလောင်ခြင်း တို့ ခံစားရနိုင်ပါတယ် ။ ⚠️ ပြင်းထန်လာပြီဆိုရင်တော့ ◾️ အဆုတ်တွင်း သွေးထွက်ခြင်း၊ အရည်တည်ခြင်း၊ ◾️ သွေးအန်ခြင်း၊ ◾️ […]
မိုးတွင်းကာလ လမ်းမချော်စေဖို့
⛈ မိုးတွင်းကာလ လမ်းမချော်စေဖို့ ⚠️ မိုးတွင်းကာလမှာ မိုးသည်းသလောက် ယာဉ်မောင်းတွေအတွက် စိတ်ဒုက္ခရောက်ရပါတယ် ။ ယာဉ်ကြောကျပ်တာ၊ သေချာမမြင်ရတာတွေအပြင် စိုစွတ်၊ ချောနေတဲ့ လမ်းမတွေက မောင်းနှင်သူတိုင်းအတွက် စိတ်ပျက်စရာပါပဲ ။ ဒါပေမဲ့လည်း အသက်လောက် ဘာမှအရေးမကြီးတာကြောင့် မိုးတွင်းကာလမှာ လမ်းမချော်စေဖို့ သတိထားသင့်တဲ့အချက်များကို မြန်မာထူးစံမှ ဝေမျှပေးလိုက်ရပါတယ် ။ 😊 🔹🔹🔹🔹🔹 မိုးတွင်းကာလမှာ လမ်းမချော်စေဖို့ လုပ်သင့်တာလေးတွေက 👇 💥 ရာသီဥတုအခြေအနေ စောင့်ကြည့်ပါ ။ မိုးတွင်းကာလမှာ မလိုအပ်တဲ့အခါ မမောင်းတာ အကောင်းဆုံးပါပဲ ။ 💥 တာယာ၊ ဘရိတ် စတဲ့ ကားအစိတ်အပိုင်းများ ကောင်း၊ မကောင်း အမြဲစစ်ဆေးသွားပါ။ 💥 လမ်းချောနေတဲ့အခါ အရှိန်တင်မောင်းခြင်း ရှောင်ကြဉ်ပါ။ 💥 ရပ်ခါနီးတိုင်း ဘရိတ်ဖြေးဖြေးဆွဲပါ ။ 💥 Cruise Control မသုံးပါနဲ့ ။ 💥 အခြားယာဉ်များနှင့် ကပ်မောင်းခြင်း ရှောင်ကြဉ်ပါ ။ 💥 ဖြည်းဖြည်းမှန်မှန်သာ မောင်းနှင်ပါ […]