ပြင်ပ Second ကားများဝယ်ယူရာတွင်သတိထားရမည့်အချက်များ
♻️ ပြင်ပ Second ကားများဝယ်ယူရာတွင်သတိထားရမည့်အချက်များ 🚨 လက်ရှိအနေအထားအရ ကားဝယ်သူများအနေဖြင့် လုပ်ငန်းသုံး၊ အိမ်သုံးကားများ ဝယ်ယူကြတဲ့အခါ တစ်ပတ်ရစ် (second) ကားများကို ပိုမိုဦးစားပေး၊ ဝယ်ယူလာကြပါတယ်။ မြန်မာထူးစံရဲ့ လုပ်ငန်းရှင်ကြီးများအနေနဲ့လည်း ပြင်ပ second ကားများ ဝယ်ယူဖို့ စဉ်းစားနေပြီဆိုရင်တော့ အောက်ပါအချက်လေးများကို သတိထားစေလိုပါတယ်ခင်ဗျာ။ ⚠️ လူကြီးမင်းတို့အနေနဲ့ ပြင်ပကားများ ဝယ်ယူတဲ့အခါ ငွေချေပြီးမှ ပြဿနာမများရစေဖို့ စာရွက်စာတမ်းကိစ္စ၊ ငွေကြေးကိစ္စတို့အတွက် ☑️ ယခင်ဝယ်ယူသူမှ ကုမ္ပဏီတွင် ငွေအကျေပေးချေပြီးခြင်း ရှိ၊ မရှိ၊ ☑️ လိုင်စင်စာရွက်စာတမ်း အစုံအလင်ရှိ၊ မရှိ၊ ☑️ လိုင်စင်သက်တမ်းရှိ၊ မရှိ၊ စတဲ့အချက်တွေကို ဦးစားပေးမေးမြန်းစုံစမ်းစေလိုပါတယ်။ ⚠️ ဒါ့အပြင် သက်သာစေဖို့ second ကားဝယ်ယူပြီးမှ ပြင်ဆင်စရိတ်ကြောင့် အကုန်အကျပိုမများရစေဖို့ ☑️ကားရှေ့ခန်း၊ နောက်ခန်း၊ အတွင်းခန်း၊ အောက်ပိုင်း၊ အင်ဂျင်ခန်း၊ နောက်ဖုံး၊ ဆေးသား၊ မီးသီးများ၊ စသည်ဖြင့် အစိတ်အပိုင်းတစ်ခုချင်းစီကအစ စက်ပြင်ဆရာ၊ ကျွမ်းကျင်သူများဖြင့် သေချာစစ်ဆေးပါ။ ☑️မဖြစ်မနေ ကိုယ်တိုင်ကိုယ်ကျ စမ်းသပ်၊ […]