တစ်ပိုင်တစ်နိုင်လုပ်ငန်းရှင်များအတွက် နှစ်သစ်မှာ မဖြစ်မနေဝယ်ယူထားသင့်တဲ့ လုပ်ငန်းသုံးကားတစ်စီး
◻️ တစ်ပိုင်တစ်နိုင်လုပ်ငန်းရှင်များအတွက် နှစ်သစ်မှာ မဖြစ်မနေဝယ်ယူထားသင့်တဲ့ လုပ်ငန်းသုံးကားတစ်စီး ☑️ နှစ်သစ်ကူးချိန်ခါ ဒီရာသီဟာ တစ်ပိုင်တစ်နိုင်လုပ်ငန်းရှင်များအတွက်တော့ အလုပ်အများဆုံးအချိန်အခါပဲ။ အသီးအနှံတွေ ရာသီပေါ်ချိန်ဆိုလည်း ဟုတ်သလို ပွဲတော်ရာသီဆိုလည်း မမှားပါဘူး။ ဒါကြောင့် တစ်မြို့မှတစ်မြို့၊ တစ်နယ်မှတစ်နယ် သွားလာ၊ သယ်ယူ၊ ပို့ဆောင်၊ ရောင်းချနိုင်ဖို့ လုပ်ငန်းသုံးကားတွေကို မဖြစ်မနေလိုအပ်လာနိုင်တဲ့ တစ်ပိုင်တစ်နိုင်လုပ်ငန်းရှင်များအတွက် နှစ်သစ်မှာ မဖြစ်မနေဝယ်ယူထားသင့်တဲ့ လုပ်ငန်းသုံးကားတစ်စီးကို မြန်မာထူးစံမှ မိတ်ဆက်ပေးလိုက်ရပါတယ်ခင်ဗျာ။😊 မြန်မာထူးစံရဲ့ 𝐅𝐨𝐫𝐥𝐚𝐧𝐝 𝐋𝐢𝐠𝐡𝐭 𝐓𝐫𝐮𝐜𝐤 𝐋𝐉 𝟒𝟔𝟓𝐐-𝟗’ ကားဆိုရင်တော့ တစ်ပိုင်တစ်နိုင်လုပ်ငန်းရှင်များအတွက် အသင့်တော်ဆုံးကားလေးတစ်စီးပဲ ဖြစ်ပါတယ်။ ကျစ်လစ်တဲ့ဖွဲ့စည်းပုံကြောင့် နေရာမရွေး လွယ်ကူမြန်ဆန်စွာ သွားလာပို့ဆောင်နိုင်သလို ဆီစားလည်း သက်သာလှပါတယ်။ ဒါ့အပြင် 💎 တောင့်တင်း၊ အကြမ်းခံခြင်း၊ 💎 ဈေးနှုန်းသက်သာခြင်း၊ 💎 အပိုပစ္စည်းဝယ်ရလွယ်ခြင်း စတဲ့ အားသာချက်များကိုပါ ပိုင်ဆိုင်ထားသေးတာကြောင့် တစ်မြို့မှတစ်နယ် သွားလာနေရသူ တစ်ပိုင်တစ်နိုင်လုပ်ငန်းရှင်များအတွက်တော့ အချိန်ကြာလာတာနဲ့အမျှ ကုန်ကျစရိတ်ပိုမိုသက်သာလာစေခြင်းနဲ့အတူ တွက်ခြေပိုကိုက်၊ အမြတ်ပိုများစေမှာပါ။ ဒီကားလေးများကိုတော့ မြန်မာထူးစံရုံးချုပ်နဲ့ မြန်မာပြည်အနှံ့က ဆိုင်ခွဲပေါင်းများစွာမှာ စိတ်တိုင်းကျစစ်ဆေး၊ ဝယ်ယူနိုင်ပါတယ်ခင်ဗျာ။ […]
