Forland’s February Memories
▫️Forland’s February Memories🤍🤍 ဖေဖော်ဝါရီလအတွင်းမှာ Forland Motors ရဲ့ မြန်ဆန်၊ အကြမ်းခံတဲ့ Truck ကားကောင်းေတွဖြစ်တဲ့ – 🔹Forland Light Truck LJ 456Q-7′ 4″ ကို ဝယ်ယူအားပေးသွားတဲ့ မင်္ဂလာဒုံမြို့နယ်မှ ဦးဝင်းနိုင် နှင့် 🔹Forland Dumper Truck M3-4102 နှင့်အတူ သာသနာ့အကျိုး ရွက်သယ်ပိုးမဲ့ ဇလွန်မြို့နယ်မှ မာန်အောင်မြင် ပြည်တော်ပြန်ဘုရားကြီးရဲ့ ဂေါပကအဖွဲ့တို့ကို အထူးပင်ကျေးဇူးတင်ရှိရပါတယ်ခင်ဗျာ။😊 ဝယ်ယူ၊အားပေးလိုသူ မိတ်သစ်များအတွက်လည်း ကျွန်တော်တို့ Forland Motor မှ လူကြီးမင်းတို့အတွက် အကြိုအပို့ကစလို့ အိမ်စီးအထိ သက်တောင့်သက်သာနဲ့ နေရာမျိုးစုံ အသုံးပြုနိုင်တဲ့ Light Truck တွေကို မြန်မာပြည်အနှံ့အပြားမှာ ဆိုင်ခွဲပေါင်းများစွာနဲ့ ရောင်းချပေးလျက်ရှိတာကြောင့် စိတ်တိုင်းကျ ရွေးချယ်ဝယ်ယူနိုင်တာမို့ အခါသင့်လို့ အခွင့်သာတိုင်း ယုံကြည်စိတ်ချစွာနဲ့ ဝယ်ယူ၊ရင်းနှီးမြှုပ်နှံနိုင်ပါတယ်ဗျို့။ 🤗 Forland Motors ရဲ့ မိတ်ဟောင်းမိတ်သစ် Customer ကြီးများလည်း ယခုဖြစ်ပေါ်နေသောရောဂါဆိုးကြီးမှ ကင်းဝေးကြပါစေလို့ ဆုတောင်းမေတ္တာပို့သအပ်ပါတယ်ခင်ဗျာ🙏🙏🙏 Forland […]
မြန်မာထူးစံရဲ့ ဖေဖော်ဝါရီလ customer များကို မှတ်တမ်းတင် ကျေးဇူးအထူးတင်ရှိပါသည် ခင်ဗျာ
မြန်မာထူးစံရဲ့ ဖေဖော်ဝါရီလ customer များကို မှတ်တမ်းတင် ကျေးဇူးအထူးတင်ရှိပါသည် ခင်ဗျာ🤍🤍 ဖေဖော်ဝါရီလအတွင်း မြန်မာထူးစံကုမ္ပဏီမှ အရည်အသွေးမြင့် Truck များကို ဝယ်ယူအားပေးသွားကြတဲ့ 🔹Forland Light Truck LJ 456Q-7′ 4″ ကို ဝယ်ယူအားပေးသွားတဲ့ မင်္ဂလာဒုံမြို့နယ်မှ ဦးဝင်းနိုင်အားလည်းကောင်း၊ 🔹Forland Dumper Truck M3-4102 နဲ့အတူ သာသနာ့အကျိုး ရွက်သယ်ပိုးမည့် ဇလွန်မြို့နယ်မှ မာန်အောင်မြင် ပြည်တော်ပြန်ဘုရားကြီး၏ ဂေါပကအဖွဲ့အားလည်းကောင်း၊ 🔹Chana Light Truck JL 473Q – 2Doors ကို ဝယ်ယူအားပေးသွားသည့် လှိုင်သာယာမှ ဦးခိုင်ထွေးအားလည်းကောင်း၊ ထပ်မံ၍ အထူးကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။👏🤝 အခုလိုလူကြီးမင်းတို့ရဲ့ အရေးပါတဲ့လုပ်ငန်းခွင်တွေမှာ သယ်ယူပို့ဆောင်မှုပြယုဂ်ကောင်းအဖြစ် တာဝန်ထမ်းရွက်ခွင့်ရတဲ့အတွက် ကျွန်တော်တို့ မြန်မာထူးစံကုမ္ပဏီမှ အလွန်အမင်းဝမ်းမြောက်ဂုဏ်ယူရပါတယ်။✨💛 နောက်များမှာလည်း အခါသင့်လို့ အခွင့်သာတိုင်း ဝယ်ယူအားပေးကြပါဦ့း။😊 ယခုမှ ဝယ်ယူအားပေးလိုတဲ့ မိတ်သစ်များအနေနဲ့လည်း မြန်မာထူးစံကုမ္ပဏီမှ လူကြီးမင်းတို့၏ ဆောက်လုပ်ရေး၊ စိုက်ပျိုးရေးနှင့် အခြားသယ်ယူပို့ဆောင်ရေးလုပ်ငန်းများအတွက် လုပ်ငန်းသုံး Truck ကားတွေကို မြန်မာပြည်အနှံ့အပြားမှာ […]
ဉာဏ်စမ်းလည်းဖြေ၊ အပန်းလည်းပြေ
▪️ဉာဏ်စမ်းလည်းဖြေ၊ အပန်းလည်းပြေ🤠 Forland Motors ကို အမှန်အကန်အားပေးနေတဲ့ Forland ချစ်သူဘယ်နှစ်ယောက်ရှိလဲဆိုတာသိရအောင် ဒီ puzzle လေးကို ဖြေရှင်းပေးသွားကြပါဦး။👀 Puzzle လည်းဖြေနိုင်တဲ့အပြင် ဘာကားလဲပါပြောနိုင်ရင်တော့ ဒီ Forlandကျမ်းကြေ ဆရာကြီးတွေကို ဆုချမှကိုဖြစ်တော့မှာဗျို့။😊 Forland Motors ရဲ့ မိတ်ဟောင်းမိတ်သစ် Customer ကြီးများလည်း ယခုဖြစ်ပေါ်နေသောရောဂါဆိုးကြီးမှ ကင်းဝေးကြပါစေလို့ ဆုတောင်းမေတ္တာပို့သအပ်ပါတယ်ခင်ဗျာ🙏🙏🙏 Forland Motors ( HOTLINE ) Yangon Head Office: Sale – 09448005151 / 09448005353 / 09448005757 Spare – 09453510664 / 09453510667 Service – 09453510701 / 09453510702 Mandalay Head Office: 095112488/ 09765112488
Forlandပဟေဠိ၊ မြန်မာထူးစံအဖြေညှိ
▪️Forlandပဟေဠိ၊ မြန်မာထူးစံအဖြေညှိ🧩 ဟဲလို၊ ဟဲလို၊ မြန်မာထူးစံကုမ္ပဏီရဲ့ Forland ချစ်သူတွေရှိကြလား။👀 ဘယ်နှယောက်ရှိလဲဆိုတာလေး အတိအကျသိရအောင် ဒီပဟေဠိ၊ အဖြေဝင်ညှိပေးသွားကြပါဦး။😊 ဘာကားလဲပါသိရင်တော့ တကယ်ဆရာကြီးတွေပဲ။ လေးစားသွားပြီဗျို့။ 😉 မြန်မာထူးစံကုမ္ပဏီ ရဲ့ မိတ်ဟောင်းမိတ်သစ် Customer ကြီးများလည်း ယခုဖြစ်ပေါ်နေသောရောဂါဆိုးကြီးမှ ကင်းဝေးကြပါစေလို့ ဆုတောင်းမေတ္တာပို့သအပ်ပါတယ်ခင်ဗျာ🙏🙏🙏 Myanmar Htoo San Co.,Ltd ( HOTLINE ) Yangon Head Office: Sale – 09448005151 / 09448005353 / 09448005757 Spare – 09453510664 / 09453510667 Service – 09453510701 / 09453510702 Mandalay Head Office: 095112488/ 09765112488
လုပ်ငန်းခွင်အတွက်အသုံးဝင်ဆုံး Forland M3 490 (5T)
▪️လုပ်ငန်းခွင်အတွက်အသုံးဝင်ဆုံး Forland M3 490 (5T)🥇 အောင်မြင်တဲ့စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်လာဖို့ဆိုတာ ဖြစ်ပေါ်နိုင်တဲ့လိုအပ်ချက်တွေအကုန်လုံးကို အဖက်ဖက်ကနေ လိုလေသေးမရှိ၊ဖြည့်ဆည်းပေးနိုင်နေလို့ပါ။✨ လုပ်ငန်းခွင်သယ်ယူပို့ဆောင်ရေးအတွက် ကားကောင်းတစ်စီး သေချာစိစိစစ်စစ်မရွေးချယ်ခဲ့ဘူးဆိုရင် လုပ်ငန်းတစ်ခုရဲ့ စီမံရေးနဲ့ ကူးသန်းရောင်းဝယ်ရေးက အကုန်အဆင်ပြေနေပြီး သယ်ယူပို့ဆောင်ရေးကျမှ ကားပြဿနာတွေကြောင့် အချိန်မီမပို့ဆောင်နိုင်ပဲဖြစ်လာပါလိမ့်မယ်။ ကြိမ်ဖန်များလာတဲ့အခါ အချိန်မလေးစားရာရောက်ပြီး “ဆင်ပြောင်ကြီးအမြီးကျမှတစ်” ဖြစ်နေတော့မှာပါ။‼️ ဒါပေမဲ့လည်း အခုမှဝယ်ယူမဲ့လုပ်ငန်းရှင်တွေနဲ့ မြန်မာထူးစံကုမ္ပဏီရဲ့ Forland ချစ်သူတွေအတွက်ကတော့ စိတ်ပူစရာကိစ္စ လုံးဝမဟုတ်ပါဘူး။ မဟုတ်ဆို နှစ်ခါစဉ်းစားစရာမလိုဘဲ ရွေးချယ်ဝယ်ယူသင့်တဲ့ လုပ်ငန်းခွင်အတွက်အသုံးဝင်ဆုံး Forland M3 490 (5T) 1ကျင်းခွဲကားသစ်ရှိနေတာကိုးဗျ။😃 ဆထက်တိုးပိုမိုအောင်မြင်ချင်တဲ့ လူကြီးမင်းတို့ရဲ့လုပ်ငန်းခွင်တွေအတွက် ပိုမိုကောင်းမွန်တဲ့အတွင်းပိုင်းအစိတ်အပိုင်းတွေကြောင့် စွမ်းဆောင်ရည်နဲ့ အကြမ်းခံနိုင်စွမ်းက စံချိန်တင်နိုင်တဲ့အပြင် အပြင်ပိုင်းဒီဇိုင်းကလည်း သေသပ်၊ လှပပြီး အားကိုးချင်စရာကောင်းတဲ့ Forland M3 490 (5T)ကားသစ်တွေကို ဝယ်ယူလိုတယ်ဆိုရင်တော့ ကျွန်တော်တို့ မြန်မာထူးစံကုမ္ပဏီကို အခုပဲဆက်သွယ်နိုင်ပါပြီဗျို့။😊 ——————————————————— 🌟Forland M3 490 (5T) ကားသစ်ရဲ့ အားသာချက်များ🌟 ——————————————————— 🔹ကျင်းဆိုဒ် : တစ်ကျင်းခွဲ 🔹အင်ဂျင်ပါဝါ : […]
လုပ်ငန်းခွင်အတွက်အသုံးဝင်ဆုံး Forland M3 490 (5T)
▪️လုပ်ငန်းခွင်အတွက်အသုံးဝင်ဆုံး Forland M3 490 (5T)🏆 Forland Motors ရဲ့ M3 Truck တွေဟာ သက်သာ၊ မြန်ဆန်၊ အကြမ်းလည်းခံတာကြောင့် လူကြိုက်များလှသလို အရောင်းလည်းသွက်တယ်ဆိုတာ Forland ချစ်သူအားလုံး အသိပါပဲ။😊 Forland M3 490 (5T) ကားသစ်ကတော့ Forland ရဲ့ M3 Truck တွေထဲမှာမှ “လုပ်ငန်းခွင်အတွက်အသုံးအဝင်ဆုံး 🥇”လို့အသိအမှတ်ပြုရလောက်အောင် အကြမ်းလည်းခံလှသလို စွမ်းဆောင်နိုင်ရည်ကလည်း စံချိန်တင်နိုင်တဲ့အထိ စိတ်တိုင်းကျစေမှာပါ။👏 စံချိန်တင်စွမ်းဆောင်ရည်အတွက် အတွင်းပိုင်းအစိတ်အပိုင်းတွေအကုန်လုံးကို ပြုပြင်၊ ပြောင်းလဲပေးထားသလို သပ်ရပ်၊ လှပပြီး ယုံကြည်စိတ်ချရမှုအပြည့်ပေါ်နေတဲ့ Forland M3 490 (5T) ကားသစ်ကတော့ လူကြီးမင်းတို့ရဲ့ လုပ်ငန်းခွင်ကို ဆထက်တိုးပြီး အောင်မြင်စေဖို့ သေချာပေါက်ကူညီပေးနိုင်မယ်ဆိုတာတော့ အပြည့်အဝအာမခံတယ်ဗျို့။😉 မိမိတို့လုပ်ငန်းတွေ ပိုမိုအောင်မြင်ဖို့ စွယ်စုံသုံး Forland M3 490 (5T) ကို ရင်းနှီးမြှုပ်နှံတော့မယ်ဆိုရင်တော့ ကျွန်တော်တို့ Forland Motors ကို အခုပဲဆက်သွယ်လိုက်ပါ။😊 အမှန်ကန်ဆုံးရင်းနှီးမြှုပ်နှံမှုဖြစ်ကြောင်း ကျွန်တော်တို့ကလည်း ချက်ချင်းသက်သေပြပါရစေ။🤗 […]
အချက်ပြမီးကို ဘယ်လိုသုံးမလဲ?
🔰အချက်ပြမီးကို ဘယ်လိုသုံးမလဲ❓ မော်တော်ယာဥ်တွေက ကျွန်တော်တို့ကို လိုရာခရီးပို့ဆောင်ပေးနိုင်တဲ့ မိတ်ဆွေကောင်းတွေ ဖြစ်နေသလို တစ်ချိန်ထဲမှာလည်း တစ်ချက်ကလေးလွဲမှားသွားတဲ့အခါ ထိခိုက်အန္တရာယ်၊ ငွေကြေးအကုန်အကျကနေ နရသိမ်ရဲ့သံတိုင်တွေနောက်နဲ့ အပြန်လမ်းမရှိတဲ့မရဏတံခါးဝအထိလည်း အရောက်ပို့ပေးနိုင်ပါတယ်ဗျ။😬 မလိုလားအပ်တဲ့ ထိခိုက်မှုတွေမဖြစ်ဖို့အတွက် ကားမောင်းသူအချင်းချင်း နားလည်မှုမလွဲအောင် ကူညီပေးနိုင်တဲ့ အချက်ပြမီးတွေကို ဘယ်အချိန်မှာ ဘယ်လိုမှန်မှန်ကန်ကန်သုံးသင့်လဲဆိုတာတော့ လူကြီးမင်းတို့ကို ပြန်လည်အမှတ်ရစေဖို့ သတိလေးပေးပါရစေဗျို့။🤗 ◾️Low beam headlight(ကားရှေ့မီးကြီး) နေဝင်/နေထွက်ချိန်တွေနဲ့ ညဘက်တွေလို ကောင်းစွာမမြင်ရတဲ့အချိန်မှာ မဖြစ်မနေလိုအပ်တဲ့ ဒီအချက်ပြမီးကတော့ မိုးအရမ်းသည်းနေတာ၊ နှင်းတွေကျနေတာ၊ မြူတွေဆိုင်းနေတာတို့လို ရာသီဥတုမကောင်းတဲ့အခါမျိုးမှာဆို နေ့ဘက်တွေမှာလည်း အသုံးပြုနိင်ပါတယ်။ မိမိရှေ့ကအရာကို ကွဲကွဲပြားပြားမြင်နေအောင် အပြည့်အဝကူညီပေးမဲ့ signal light ပါပဲ။ ◾️Turn signal, indicator (ကွေ့မီး) နာမည်အတိုင်းပဲ ကွေ့တဲ့အခါမှာ မဖြစ်မနေ သုံးပေးဖို့လိုပါတယ်ဗျ။ ဘယ်၊ညာကွေ့တာတွေ၊ လမ်းကြောပြောင်းတာတွေ၊ လမ်းဘေးချရပ်မှာတွေ မလုပ်ခင်အချက်ပြပေးခြင်းက နောက်မှပါလာတဲ့ယာဉ်တွေကို အသိပေး၊ ကူညီရာရောက်သလို မိမိ bumper ကို ကာကွယ်ပြီးသားလည်းဖြစ်ပါတယ်။ ◾️Brake light (ဘရိတ်မီး) ကားရပ်ခါနီး ဘရိတ်အုပ်တော့မယ်ဆိုရင် မဖြစ်မနေသုံးရပါမယ်။ […]
အင်ဂျင်မကျစေမဲ့ နည်းလမ်းကောင်းများ
◾️အင်ဂျင်မကျစေမဲ့ နည်းလမ်းကောင်းများ ကျွန်တော်တို့ မြန်မာထူးစံကုမ္ပဏီမှ လူကြီးမင်းတို့အတွက် အကြိုအပို့ကစလို့ အိမ်စီးအထိ သက်တောင့်သက်သာ အသုံးပြုနိုင်တဲ့ နေရာမျိုးစုံသုံး Light Truck တွေကို ရောင်းချပေးလျက် ရှိသလို မိမိတို့ရဲ့ကားများ ကြံ့ခိုင်ဖို့အတွက် ထိန်းသိမ်းဖို့ သိသင့်၊သိအပ်တဲ့ဗဟုသုတများပါ ဝေမျှပေးလျက်ရှိပါတယ်။😊 ဒီနေ့မှာတော့ ကားတစ်စီးရဲ့ ဦးနှောက် လို့တင်စားခေါ်ဝေါ်လို့ရတဲ့ အင်ဂျင်တွေကို ဂရုစိုက်၊ထိန်းသိမ်းနိုင်မဲ့ အချက်လေးတွေကို မျှဝေပေးသွားပါမှာဗျ။ 🔸ဖစ်တာ(filter)များကို မှန်မှန်စစ်ပေးပါ။ လူတွေ ပင်ပန်းလာတဲ့အခါ အသက်ဝဝရှုချင်သလိုမျိုး ကားအင်ဂျင်တွေကလည်း လေဝင်၊လေထွက်ကောင်းကောင်း လိုပါတယ်။ Air filterက ကောင်းကောင်းအလုပ်လုပ်မှသာ ကားအင်ဂျင် သေချာအလုပ်လုပ်နိုင်ဖို့ အသက်ဝဝ ရှုလို့ရမှာပဲ ဖြစ်ပါတယ်။ 🔸အင်ဂျင်ရည်တွေကို မှန်မှန်လဲပေး၊ ဖြည့်ပေးပါ။ Coolant တို့၊ အင်ဂျင်ဝိုင်တို့ကို သင့်တင့်မှန်ကန်တဲ့အနေအထားမှာ အမြဲရှိစေခြင်းဖြင့် ပိုမိုချောမွေ့လွယ်ကူစွာ လုပ်ဆောင်စေနိုင်ပါတယ်။ 🔸Timing belts၊ Spark plug တွေကို လဲလှယ်ပေးပါ။ နှစ်ခုလုံးက ရေရှည်ခံပေမဲ့လည်း ပျက်စီးသလိုဖြစ်လာတဲ့အခါ လဲလှယ်ပေးဖို့ လိုပါတယ်။ Timing belt ပျက်စီးခြင်း၊ spark plug […]
Chana 2Door Light Truck Sold out
▪️Chana 2Door Light Truck Sold out🎉 ကျွန်တော်တို့ မြန်မာထူးစံကုမ္ပဏီမှ လူကြီးမင်းတို့ရဲ့ ဆောက်လုပ်ရေး၊ စိုက်ပျိုးရေးနှင့် အခြားသယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေအတွက် Chana လုပ်ငန်းသုံး ၊ အိမ်သုံး Truck ကားများ၊ 2doors, 4doors ကားများအပြင် အပိုပစ္စည်းများကိုပါ မြန်မာပြည်အနှံ့အပြားမှာ ကိုယ်စားလှယ်ဆိုင်ခွဲပေါင်းများစွာနဲ့ ဖြန့်ချီရောင်းချလျက် ရှိပါတယ်။😊 Chana ကားလေးတွေက မြန်မြန်ဆန်ဆန်၊ သက်တောင့်သက်သာနဲ့ ခရီးတွင်စေသလောက် ဈေးလည်းချိုသာတာကြောင့် လူကြိုက်လည်းများလှပါတယ်။ အခုလည်းကျွန်တော်တို့ မြန်မာထူးစံကုမ္ပဏီမှ Chana Light Truck JL 473Q- 2Doors နှစ်စီး ရောင်းထွက်သွားပြန်ပါပြီ။ လျင်မြန်၊သွက်လက်မှုကနေ ဒီဇိုင်းပိုင်းထိ ပြောစရာမလိုတဲ့ ဒီကားလေးကို ဝယ်ယူသွားတဲ့ လှိုင်သာယာမှ ဦးခိုင်ထွေးကိုလည်း အထူးကျေးဇူးတင်ရှိပါတယ်ဗျ။🤗 ဒီကားလေးက ဦးခိုင်ထွေးအတွက် လိုရာလမ်းခရီးကအစ အောင်မြင်တဲ့စီးပွားရေးလမ်းကြောင်းအထိ ပို့ဆောင်ပေးနိုင်ပါစေလို့လည်း ကျွန်တော်တို့ မြန်မာထူးစံကုမ္ပဏီက ဆုမွန်ကောင်းတောင်းပါတယ်ခင်ဗျာ။😇 မြန်မာထူးစံရဲ့ မိတ်ဟောင်း၊ မိတ်သစ် customer များအားလုံး လည်း ယခုဖြစ်ပေါ်နေသော ကပ်ရောဂါတွေဘေးမှ ကင်းဝေးကြပါစေ။🙏 Myanmar Htoo […]
စက်သံနားထောင် စက်ပြသာနာရှာ
◾️စက်သံနားထောင် စက်ပြသာနာရှာ ▪️လမ်းမှာ ကားရှေ့ဖုံးအောက် အင်ဂျင်ကနေ ရုတ်တရက်ဘာသံတွေထွက်လာမှန်းမသိလို့ ကြောက်ကြောက်လန့်လန့်နဲ့ ထိုးရပ်ရဖူးလား❓ ▪️ကားစက်က အသံတွေမျိုးစုံထွက်လို့ ခေါင်းကိုက်နေရပြီလား❓ ▪️အသံတစ်ခါထွက်တိုင်း ဝပ်ရှော့ပို့၊ ပြင်ဆရာခေါ်နေရလို့ စိတ်ညစ်နေပြီလား❓ အဲ့လိုပြဿနာတွေနဲ့ ရင်ဆိုင်နေရတယ် သို့ ရင်ဆိုင်ခဲ့ဖူးတယ်ဆိုရင်တော့ ဒီစာက လူကြီးမင်းတို့ ဖတ်ဖို့အသင့်တော်ဆုံးပါပဲ။🎯 ကျွန်တော်တို့တွေအနေနဲ့ ကားမောင်းတဲ့အခါ စက်သံလေးညက်ပြီး ငြိမ့်ငြိမ့်လေး မောင်းရတာကို ပိုသဘောကျတတ်ကြပါတယ်။ ပြဿနာမရှိတဲ့ကားဖြစ်မှလည်း စိတ်တိုင်းကျ မောင်းနှင်လို့ကောင်းတာကိုး။ ဒါပေမဲ့ မိမိကားဆီက အသံတွေ တစ်မျိုးပြီးတစ်မျိုး ထွက်လာတဲ့အခါတော့ မောင်းရတာ ဘဝင်ကျစရာမကောင်းတော့ပါဘူး။ တချို့စိုးရိမ်တတ်တဲ့သူတွေဆို ဘာသံထွက်ထွက် အသက်အန္တရာယ်များရှိနိုင်မလား ဆိုပြီး တွေးပူတတ်ကြပါတယ်။ တကယ်တော့လည်း မိမိကားဆီက အသံတစ်ခုခုထွက်လာတယ်ဆိုတာ သူရဲ့ လုပ်ဆောင်ချက်တစ်ခုခု မူမမှန်တော့တာကို အသိပေးတာပါပဲ။ အဖြစ်များဆုံးပြဿနာကတော့ အင်ဂျင်ကအသံတွေပါပဲ။ အနာသိမှ ဆေးရှိသလို ဘာကြောင့်ဖြစ်တတ်တာလဲဆိုတာတွေ သိထားတော့ ပိုအဆင်ပြေတာမို့ ဒီနေ့တော့ စက်သံကနေ စက်ပြဿနာကို သိနိုင်မဲ့နည်းလမ်းလေးတွေ မျှဝေပေးသွားပါမယ်။ ▫️Valve Train Noise Hydraulic lifter တွေ ကပ်နေတာမျိုး၊ ပျက်စီးနေတာမျိုးကြောင့် […]