ဒီအချက်တွေကြည့်ပြီးမှ Second ကားဝယ်ပါ
📣📣 ဒီအချက်တွေကြည့်ပြီးမှ Second ကားဝယ်ပါ ❕❕ မြန်မာထူးစံရဲ့ ချစ်ရသော မိတ်ဟောင်းမိတ်သစ်Customer လူကြီးမင်းများအနေနဲ့လည်း Forland second ကားများဝယ်ယူတော့မယ်ဆိုရင် ဘာအချက်တွေသိထားရမလဲဆိုတာ မျှဝေပေးချင်ပါတယ်။ လက်ရှိကာလမှာ အချိန်နဲ့အမျှ ပြောင်းလဲမြင့်တက်နေတဲ့ ဈေးနှုန်းများကြောင့် Forland လုပ်ငန်းသုံးကားဝယ်ယူလိုသူလူကြီးမင်းများအနေဖြင့် အဖိုးသင့်လှတဲ့ second ကားများကိုလည်း ရွေးချယ်ဝယ်ယူလာကြပါတယ်။ ထိုအခါ မိမိတို့ဝယ်ယူလိုက်တဲ့ယာဉ်များနဲ့ ပက်သက်၍ ငွေကြေးအရှုပ်အရှင်းများ ကင်းရှင်းမှုရှိ၊ မရှိနှင့် လိုင်စင်စာရွက်စာတမ်းပုံစံ စုံ၊ မစုံတို့မှာ လွန်စွာအရေးကြီးလှပါတယ်။ အထူးသဖြင့် လူကြီးမင်းတို့ Forland Second ကားများဝယ်ယူတော့မယ်ဆိုရင် ☑️ ယခင်ဝယ်ယူသူမှ ကုမ္ပဏီတွင် ငွေအကျေပေးချေပြီးခြင်း ရှိ၊ မရှိ၊ ☑️ လိုင်စင်စာရွက်စာတမ်း အစုံအလင်ရှိ၊ မရှိ၊ ☑️ လိုင်စင်သက်တမ်းရှိ၊ မရှိ၊ စတဲ့အချက်တွေကို ဦးစားပေးမေးမြန်းစုံစမ်းရမှာဖြစ်ပါတယ် ။ တစ်စုံတစ်ခု မပြည့်စုံမှုကြောင့် လုပ်ငန်းခွင်မှာ ဝယ်ယူထားသော ကားများအနေဖြင့် ရေရှည်အသုံးချနိုင်ဖို့အခက်တွေ့နိုင်ပါတယ် ။ အထူးသဖြင့် ခေတ်ကာလအခြေအနေတွေကြောင့် Second ကားများကို ရွေးချယ်ဝယ်ယူဖို့စဉ်းစားတဲ့ လူကြီးမင်းများအနေဖြင့်အထက်ပါအချက်များကို အသေအချာ စီစစ်စစ်ဆေးပြီးမှသာ […]