ကရောင်းတစ်လုံးတွင် ပါဝင်သည့် အပိုပစ္စည်းများ
⚙️ ကရောင်းတစ်လုံးတွင် ပါဝင်သည့် အပိုပစ္စည်းများ 🔩 ယာဉ်မောင်းသူများ၊ ယာဉ်ပိုင်ရှင်များအနေနဲ့ ကားတွေရဲ့ အစိတ်အပိုင်းတွေအကြောင်း သိသင့်သလောက် သိထားမှသာ သာမန်ဖြစ်လေ့ဖြစ်ထရှိတဲ့ ညှော်နံ့တွေ၊ မီးခိုးနဲ့ ဆူညံသံတွေကို စိုးရိမ်လွန်စွာ ထိတ်လန့်နေရခြင်းမှ ကင်းဝေးစေမှာပါ။ ဒါကြောင့် ဒီနေ့မှာတော့ ကရောင်းဆိုတာဘာလဲ၊ ကရောင်းတစ်လုံးမှာ ဘာတွေပါဝင်လဲဆိုတာ ဗဟုသုတရစေဖို့ မြန်မာထူးစံကုမ္ပဏီမှ ဝေမျှပေးလိုက်ရပါတယ်ခင်ဗျာ။ 😊 ◼️ ကရောင်းဆိုတာ ဘာလဲ ကားတစ်စီးက တည့်တည့်သွားတဲ့အခါ ဘီးနှစ်ဘီးရဲ့ လည်ပတ်နှုန်း(RPM)နဲ့ တစ်ဘီးချင်းစီအတွက် အင်ဂျင်ပါဝါက တူညီနေပေမဲ့ကွေ့တဲ့အချိန်မှာတော့ တူညီလို့မရပါဘူး။ ကွေ့တဲ့ဘက်ရဲ့ ဘီးကို နှေးပေးရပြီး တခြားတစ်ဘက်ကို မြန်ပေးဖို့ လိုသလို အင်ဂျင်ပါဝါကိုလည်း မတူညီစွာ ရယူဖို့ လိုပါတယ်။ ဒီနေ့ရှင်းပြပေးမဲ့ ကရောင်း(differential) ကတော့ ထိုလိုအပ်ချက်များကို ဖြည့်ဆည်းပေးတဲ့ အစိတ်အပိုင်းတစ်ခုပဲ ဖြစ်ပါတယ်။ ◼️ ကရောင်းတစ်လုံးဖြစ်စေဖို့ ပါဝင်တဲ့အစိတ်အပိုင်းများကတော့ 1. ကရောင်းအုံ အခွံ 2. စံပယ်ဖူး/လင်ဗန်း 3. စံပါယ်ဖူး ထိပ်ဘော 4. စံပါယ်ဖူး ကျောကပ်ဘော 5. […]