ယာဉ်မောင်းတဲ့အခါ စည်းကမ်းတကျ ဘယ်လိုကျော်တက်ရမလဲ
🛞 ယာဉ်မောင်းတဲ့အခါ စည်းကမ်းတကျ ဘယ်လိုကျော်တက်ရမလဲ 🤔 လောကရဲ့ အထာတွေကြောင့် “ပျော်ချင်တိုင်းလည်း မပျော်ရပါ” ဆိုတဲ့ ဦးစိုင်းထီးဆိုင်သီချင်းလိုပေါ့ဗျာ။ ယာဉ်မောင်းတဲ့အခါမှာလည်း ကျော်ချင်တိုင်းကျော်လို့မရပါဘူး။ ယာဉ်မောင်းလောကရဲ့အထာတွေကို တိတိကျကျ လိုက်နာဖို့ လိုပါတယ်။ 🫡 ဒါကြောင့်လည်း ဒီနေ့မှာတော့ မြန်မာထူးစံကုမ္ပဏီမှ ချစ်ရသောမိဘပြည်သူများအတွက် ယာဉ်မောင်းတဲ့အခါ စည်းကမ်းတကျ ဘယ်လိုကျော်တက်ရမလဲဆိုတာကို ပြန်လည်သတိပေး၊ မျှဝေပေးလိုက်ရပါတယ်ခင်ဗျာ။ 😊 ယာဉ်မောင်းတဲ့အခါ စည်းကမ်းတကျ ဘယ်လိုကျော်တက်ရမလဲဆိုတော့ 👇 💁♂️ မိမိရှေ့ကယာဉ်ကို ကျော်တက်လိုလျှင် 🔹 နောက်မှလိုက်နေသောယာဉ်သည် မိမိယာဉ်ကို ကျော်တက်ရန် ပြင်ဆင်ခြင်းရှိမနေသည့်အခါ 🔹 မိမိကျော်တက်လိုသောယာဉ်သည် သူ၏ ရှေ့ယာဉ်ကို ကျော်တက်ရန် ပြင်ဆင်နေခြင်းမရှိသည့်အခါ 🔹 ကျော်တက်ရန်အတွက် မိမိအသုံးပြုမည့် ယာဉ်ကြောရှင်းနေသည့်အခါ ဆိုတဲ့အချက် ၃ ချက်နှင့် ကိုက်ညီမှသာ ကျော်တက်ရပါမယ်။ . 💁♂️ မည်သည့်ယာဉ်မဆို မိမိရှေ့ကယာဉ်ကိုကျော်တက်ရာတွင် သာမန်အားဖြင့် ထိုယာဉ်၏လက်ဝဲဘက်မှသာ လိုအပ်သလို အချက်ပေးပြီး သင့်လျော်သောအကွာအဝေးမှ လွတ်ကင်းစွာကျော်တက်ရမယ်။ 💁♂️ မိမိရှေ့ကသွားနေသာ ကားကြီးများကို ကျော်တက်လိုလျှင် ထိုကားကိုကပ်မလိုက်ပါနဲ့။ […]