ကားအဲကွန်းက အဆိပ်သင့်နိုင်လား
❄️💨 ကားအဲကွန်းက အဆိပ်သင့်နိုင်လား 🤔 ကားအဲကွန်းမှာ ပါဝင်တဲ့ ဖရီယွန်ဓာတ်ငွေ့က လူသားတွေအတွက် အသက်ဆုံးရှုံးသည်အထိ ဒုက္ခပေးနိုင်သလို ကမ္ဘာကြီးအတွက်လည်း အဆိပ်သင့်စေပါတယ် ။ ❗️❗️ ဒါပေမဲ့ … ကားအဲကွန်းတွေက ဒီဓာတ်ငွေ့တွေကို ထုတ်လွှတ်ပေးနေတာ မဟုတ်တာကြောင့် စိတ်ပူစရာတော့ မလိုပါဘူး ။ ဖရီယွန်ဓာတ်ငွေ့တွေက ကားအဲကွန်းထဲမှာ ပါဝင်ရတာ မှန်ပေမဲ့လည်း ပိတ်မိနေတာပဲ ဖြစ်ပါတယ် ။ တစ်ခုရှိတာက အဲကွန်းပိုက်တွေ၊ အဆို့တွေ ပြုတ်နေ၊ ပေါက်နေပြီး စိမ့်ထွက်လာမယ်ဆိုရင်တော့ သေစေနိုင်တဲ့အထိ ဒုက္ခကောင်းကောင်းပေးနိုင်ပါတယ်။ ဖရီယွန်ပမာဏ မြောက်များစွာ ရှူမိခြင်းက ⚠️ အပျော့စားဝေဒနာတွေအနေနဲ့ ◾️ ခေါင်းမူးခြင်း၊ ◾️ ခေါင်းကိုက်ခြင်း၊ ◾️ အော့အန်ခြင်း၊ ◾️ […]