Customer ကြီးများအား လိုင်စင်ဝန်ဆောင်မှုနှင့်ပတ်သက်၍ လေးစားစွာ အသိပေးအပ်ပါသည်
ချစ်ခင်လေးစားရပါသော မိတ်ဟောင်းမိတ်သစ် Customer ကြီးများအား လိုင်စင်ဝန်ဆောင်မှုနှင့်ပတ်သက်၍ လေးစားစွာ အသိပေးအပ်ပါသည် 🙏🙏🙏 မြန်မာထူးစံကုမ္ပဏီမှ ဝယ္ယူအားပေးထားသော ကားများအတွက် ကားလိုင်စင်နှင့်ပတ်သက်၍ သက်တမ်းတိုးခြင်း ၊ အမည်ပြောင်း လိပ်စာပြောင်းခြင်း စသည့် ကိစ္စရပ်များကို အကောင်းမွန်ဆုံးသော ဝန်ဆောင်မှုများဖြင့် စီစဉ်ဆောင်ရွက်ပေးလျက်ရှိပါသည်။ ယခုအခါ ပြင်ပတွင် စာရွက်စာတမ်းများအတုအပပြုလုပ်ကာ ကုမ္ပဏီအမည်ကို အလွဲသုံးစားပြုလုပ်၍ ကားလိုင်စင်နှင့်ပတ်သက်သော သက်တမ်းတိုးခြင်း ၊ အမည်ပြောင်း လိပ်စာပြောင်းခြင်းစသည့် လုပ်ငန်းများ ပြုလုပ်ပေးလျက်ရှိသည်ကို သက်သေစာရွက်စာတမ်းများနှင့်တကွ တွေ့ရှိထားပြီး ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ ချစ်ခင်လေးစားရပါသော Customer ကြီးများအနေဖြင့် မလိုလားအပ်သော အခက်အခဲများမရှိစေရန် လိုင်စင်ကိစ္စနှင့်ပတ်သက်၍ ဆောင်ရွက်ရန်လိုအပ်လာပါက မြန်မာထူးစံကုမ္ပဏီ၏ လိုင်စင်ဌာနဖုန်းနံပါတ်နှင့် တရားဝင်သတ်မှတ်ထားသော နယ်ဆိုင်ခွဲဖုန်းနံပါတ်များသို့ သာ ဆက်သွယ်ဆောင်ရွက်ပေးကြပါရန် လေးစားစွာ အသိပေးအပ်ပါသည်ခင်ဗျာ။ ထို့ပြင် မြန်မာထူးစံကုမ္ပဏီမှ ရောင်းချသည့်ကားများနှင့်ပတ်သက်၍ ကုမ္ပဏီ၏ ခွင့်ပြုချက်မရပဲ စာရွက်စာတမ်းများ အတုအပပြုလုပ်၍ အလွဲသုံးစားပြုလုပ်လျက် ကိုယ်ကျိုးစီပွားရှာနေသည်ကို သိရှိပါက တရားဥပဒေနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း လေးနက်စွာအသိပေးအပ်ပါသည်။ မြန်မာထူးစံကုမ္ပဏီ ရဲ့ မိတ်ဟောင်းမိတ်သစ် Customer ကြီးများလည်း […]